Myanmar Idol ကအဆိုရှင် မိုင်မိုင်းဆိုင်းကတော့ သူမရဲ့ လူမှုကွန်ယက်မှာ ဆုတောင်းပေးထားတဲ့ ဆုတောင်းစာလေးအတွက် ပရိတ်သတ်အချို ့ရဲ့ ဝေဖန်ခြင်းကိုခံနေရပါတယ် ။ ကချင်တိုင်းရင်းသူလေးဖြစ်တဲ့သူမက ကချင်ဗိုလ်ချုပ်ဂွမ်မော် ကို အောက်ပါစာလေးနဲ့ မွွေးနေ့ဆုတောင်းပေးခဲ့ပါတယ် ။

" Happy birthday ကျနော်တို့ကချင်တစ်မျိုးသားလုံးရဲ့"ဗိုလ်ချုပ်ဂွမ်မော်"...ဒီအချိန် ဒီအခြေအနေက Happy birthday တော့ဖြစ်နေမယ်မထင်ဘူး..ဘာဘဲဖြစ်ဖြစ် ကချင် တစ်မျိုးသားလုံးနှင့်အတူ ဗိုလ်ချုပ်ကြီး ကျန်းမာကြံ့ခိုင်ပြီးဘုရားသခင်ကောင်းချီးပေးပါစေ...အားလုံအတွက်အကောင်းဆုံးဖြစ်မဲ့အရာတွေလုပ်ဆောင်နိုင်ပါစေ.. အမြန်ဖြစ်လာပါစေလို့ဆုတောင်းပါတယ်.. " တဲ့ ။

ဗိုလ်ချုပ်ဂွမ်မော်က အစိုးရနဲ့ ငြိမ်းချမ်းရေးမရသေးတဲ့ KIA က ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေတဲ့ အတွက် အဲဒီစာလေးကိုတင်လိုက်ပြီးနောက်မှာ ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေကို ဆက်တိုက်ရရှိခဲ့ပြီး မို်င်မိုင်းဆိုင်းက

" ကိုယ်ဆုတောင်းပေးတဲ့အထဲ ဘာများ ထိခိုက်နစ်နာစရာပါသွားလဲ..ဆုတောင်းပေးတဲ့အထဲရောတဖက်စောင်းနင်းဆန်ဆန်စကားများပါသွားလား.."အားလုံးအတွက်အကောင်းဆုံးဖြစ်မဲ့အရာတွေ လုပ်ဆောင်နိုင်ပါစေ" ဆိုတဲ့ဆုတောင်းစကားမှာဦးနှောက်ရှိသူတွေကတော့ ဘာလူမျိုးရေး ဘာသာရေးအယူအဆမှမပါဘဲတွေးတတ်မှာပါ.. ဒီခေတ်မြန်မာနိုင်ငံအခြေနေကိုက အမေစု လို့အော်လည်းဆဲခံရ.. စစ်တပ်လို့အော်လည်းဆဲခံရ.. သမ္မတလို့အော်လည်း ဆဲခံရ..ဒါကြောင့် ကိုယ့်ဖာကိုယ် ဘယ်အခြေနေမှာရပ်တည်ပြီး ဘာအတွက်အသက်ရှင်နေတာလည်းစဉ်းစားပေါ့.. တခြားလူမျိုးတွေမဆိုလိုဘူး ၀ိုင်းဆဲနေတဲ့ လူမျိုးထဲမှာတောင် အတ္တလောဘသားကောင်တွေ ဘယ်နှစ်ဖွဲ့ကွဲနေလဲဆိုတာ ကိုယ်စီဘဲသိကြမှာပါ.. " လို့လည်း သူမက ပြန်လည်ရှင်းပြခဲ့ပါတယ် ။ 

မြန်မာနိုင်ငံသား ကချင်လူမျိုးမို့ လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းကိုလည်း လွတ်လပ်ရေးနေ့မှာ လေးစားစွာ အလေးပြု ဂုဏ်ပြုခဲ့ပါတယ် လို့လည်း သူမကဆိုခဲ့ပါသေးတယ် ။

မိုင်မိုင်းဆိုင်းကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကတစ်ဆင့် ပရိတ်သတ်တွေ အများအပြားရရှိခဲ့သူဖြစ်ပြီး ကျန် Myanmar Idol မောင်နှမတွေနဲ့အတူ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေသူတစ်ဦးလဲ ဖြစ်ပါတယ် ။

သတင်းအရင်းမြစ် Mai Mai Seng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။