ဒီနှစ်ကတော့ Kpop အတွဲတွေနှစ်လို့တောင် ဆိုရမလားပါပဲ ။ G Dragon နဲ့ Jooyeon , Lee Joon နဲ့ Jung So Min တို့ရဲ့ နောက်မှာ

ထပ်ထွက်ပေါ်လာတဲ့ အတွဲကတော့ Hyunseung နဲ့ Shin Soo Ji တို့ပါ ။ BEAST အဖွဲ့ဝင်ဟောင်း လဲဖြစ် စုံတွဲဖွဲ့စည်းထားတဲ့ Trouble Maker ရဲ့ ယောကျာင်္းလေးအဆိုရှင်လဲဖြစ်တဲ့ Hyunseung နဲ့ ကျွမ်းဘားအလှအိုလံပစ်မယ် Shin Soo Ji တို့ပဲဖြစ်ပါတယ် ။ 

2008 Beijing မှာပြုလုပ်တဲ့ အိုလံပစ်ပွဲကစလို့ အနားယူလိုက်တဲ့ Shin Soo Ji ဟာ Bowling ပစ်ရင်းနဲ့ Hyunseung နဲ့ရင်းနှီးသွားခဲ့တယ်လို့ အတွင်းလူတွေကပြောပြတဲ့ သတင်းစကားတွေအရသိရပါတယ် ။ သူတို့နှစ်ယောက်စလုံးဟာ Bowling ပစ်ရတာကိုသဘောကျကြပြီး အမြဲ အတူ ပစ်ဖြစ်နေရင်းကနေ ချစ်သူတွေ ဖြစ်လာခဲ့တာပါ ။ 

သူတို့နှစ်ယောက်ချစ်နေတဲ့အကြောင်း ပရိတ်သတ်တွေဆီ သတင်းတွေပျံနှံသွားပြီးနောက်မှာတော့ နှစ်ဖက်စလုံးရဲ့ အေဂျင်စီတွေကနေ သူတို့နှစ်ယောက် တွဲနေကြတာ မှန်ပါတယ်လို့ Confirm ပြုလုပ်ပေးခဲ့ပါတယ် ။ Shin Soo-ji ဟာ Idol တစ်ယောက်လို ချောမောပြီး နိုင်ငံဂုဏ်ဆောင်ခဲ့တဲ့ အားကစားသမားတစ်ယောက်ပါ

။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ အားကစားမယ်လေးဟာ Hyunseung ထက် ၂ နှစ်ငယ်ပါတယ် ။ လိုက််ဖက်တဲ့ အတွဲလေး မဟုတ်ပါလား ပရိတ်သတ်ကြီးတို့ရေ ...

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။