ပရိသတ်အချစ်တော် မော်လ်ဒယ်သရုပ်ဆောင် မိုးစက်ဝိုင်ရဲ့ မိခင်ကတော့ သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ရရှိသွားတယ်လို့ သိရပါတယ်..။

ဇန်နဝါရီ(၄)ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ နိုင်ငံတော်က ပေးအပ်ချီးမြှင့်တဲ့ ဘွဲ့တံဆိပ်တွေထဲက ပရဟိတနဲ့ လှူဒါန်းမှုတွေ ပြုလုပ်နိုင်ဆုံးဆုဖြစ်တဲ့ သီရိသုဓမ္မသိင်္ဂ ီဘွဲ့ကို ပေးအပ်ခံလိုက်ရတာ ဖြစ်ပါတယ်..။

မော်လ်ဒယ်သရုပ်ဆောင် မိုးစက်ဝိုင်ကတော့ အခုလို အသိအမှတ်ပြုဘွဲ့ရှိသွားတဲ့အတွက် မိခင်ဖြစ်သူအတွက် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်..။

မိုးစက်ဝိုင်က သူမ အမေအတွက် အတိုင်းထက်အလွန် ဝမ်းသာဂုဏ်ယူမိတဲ့အကြောင်းလေးကို သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြောပြထားတာ ဖြစ်ပါတယ်..။

“အလှူလုပ်ဖို့ ဆို မမောမပန်း အသကုန်သွားနိုင်တဲ့ မိုးစက်မေမေ အခုသီရိသုဓမ္မသိင်္ဂီ ဘွဲ့ ကို အမေရသွားပြီတဲ့ .! ဂုဏ်ယူပါတယ် မားမားရေ... သမီးလည်းရအောင်ကြိုးစားရဦးမယ်.. ကိုယ့် အမေမလို့ မြှောက်တာတော့ ဟုတ်ဘူး.. မားမားကတော်တော် လေးကို ပင်ပန်းခံနိုင်တာ .. အခုလို အသိမှတ်ပြုဘွဲ့ ရတော့ ဂုဏ်ယူမိတယ် အမေအတွက် ..

အများအကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေ.. အပိုဆုလေးကတော့မိုးစက်တို့ မောင်နှမတွေကိုလည်း ပိုချစ်နိုင်ပါစေ လျော့ဆူပါစေ.. လျော့စိတ်ဆိုးပါစေ.. နည်းနည်းလေး လောက် အလိုလိုက်ပေးရင်တော့ အတိုင်း ထက်လွန်ပဲလို့..” ဆိုပြီး ချစ်စဖွယ် ရေးသားထားတာ တွေ့ရပါတယ်..။

မော်လ်ဒယ် သရုပ်ဆောင် မိုးစက်ဝိုင်ကတော့ (၂၀၁၃)ခုနှစ်မှာ ကျင်းပပြုလုပ်တဲ့ Miss Universe Myanmar 2013 မှာ သရဖူ ဆွတ်ခူး ရရှိထားတဲ့ အလှမယ် တစ်ဦးလည်း ဖြစ်ပါတယ်..။

နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေရင်း သရုပ်ဆောင် အဖြစ် ဇာတ်ကားတွေ ရိုက်ကူးလာပြီး တွေ့ရပြီး နေတိုး၊ ရွှေထူးတို့နဲ့အတူ “ပက်ပက်စက်စက်ညို့” ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။

လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ အခမ်းအနားပွဲများတတ်ရောက်ခြင်းနှင့် ဓာတ်ပုံ၊ မဂ္ဂဇင်း၊ ကြော်ငြာများရိုက်ကူးနေတယ်လို့ သိရပါတယ်..။

Source - မိုးစက်ဝိုင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။