အသက်၂၈နှစ်အရွယ်ကွင်းလယ်ကစားသမား အိုဇေးဟာ ၂၀၁၃ခုနှစ်က ပေါင်၄၂သန်းခွဲနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့လာတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းသို့ ရောက်တဲ့ရာသီမှာ အိုဇေးလ်ဟာ အာဆင်နယ်အသင်းအတွက် အရေးကြီးဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ အိုဇေးလ်ဟာ ၁၈လကျော်ကြာအထိကစားခဲ့ပေမယ့် တပါတ်လုပ်ခပေါင် ၂သိန်းခွဲပေးရန်တောင်းဆိုပေမယ့် အာဆင်နယ်အသင်းနဲ့ ညှိနှိုင်းမရသေးပါဘူး။

မည်သို့ပင်ဖြစ်စေ စပိန်မီဒီယာကြီးတခုဖြစ်တဲ့ Marca သတင်းဖော်ပြချက်အရ အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ မပျော်ရွှင်ဖြစ်နေပြီး ရီးရဲလ်အသင်းကို ပြန်လည်ပြောင်းရွှေ့ချင်တဲ့ဆန္ဒရှိနေပါတယ်။

နည်းပြအာစင်ဝင်းဂါးကတော့ ဂျာမန်ကစားသမားဟာ သူ့ရဲ့ ပထမရာသီမှာ ရုန်းကန်ခဲ့ရတယ်လို့ ဒီနှစ်အစောပိုင်းက ၀န်ခံထားပါတယ်။ သူ့ကို ခေါ်ယူခဲ့ခြင်းက မှန်ကန်တဲ့ရွေးချယ်မှုလို့

အိုဇေးလ်ကို ဖျောင်းဖျပြောဆိုထားပါတယ်။

လောလောဆယ်တော့ အိုဇေးလ်ဟာ သူရဲ့ ရွေးချယ်ခွင့်နဲ့ ရီးရဲလ်ကို ပြန်ပြီးပျော်ရွှင်စွာကစားနိုင်ရန် သုံးသပ်နေပါတယ်လို့ စပိန်မီဒီယာကြီးတခုဖြစ်တဲ့ Marca ကပြောဆိုထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။