ပြီးခဲ့တဲ့ ဇန်နဝါရီလ (၅) ရက်နေ့မှာ "VJM" Jewelry ရဲ့ (၁၉) နှစ်ပြည့် ပွဲကိုပြုလုပ်ကျင်းပခဲ့ပြီး ထိုပွဲကို နာမည်ကြီး အနုပညာရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ထိုပွဲကို နိုင်ငံကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်လည်းတက်ရောက်လာခဲ့ပြီး ပရိသတ်တွေအချစ်တော် Beauty Blogger နေခြည်ဦးလည်း တက်ရောက်ခဲ့ပါတယ်။ ထိုပွဲကို တက်ရောက်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ ပုံရိပ်တွေကို မီဒီယာတွေမှာ ဖော်ပြခဲ့ကြပြီး troller တွေလက်ထဲ ရောက်လို့သွားပါတယ်။ 

ဒီပွဲကို တက်ရောက်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ စကားပြောနေတဲ့ snap ဓာတ်ပုံတွေထဲမှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပုံဟာ troller တွေလက်ထဲရောက်သွားပြီး troll ခံခဲ့ရပါတယ်။ သို့ပေမဲ့လည်း စိုင်းစိုင်းရဲ့ တုံ့ပြန်မှုကတော့ ထုံးစံအတိုင်း ချစ်စရာကောင်းနေပြန်ပါတယ်။ စိုင်းစိုင်းရဲ့ ပုံကို Bruce Lee ပုံနဲ့လည်း troll ခဲ့သလို နေခြည်ဦးနဲ့ နှစ်ယောက်တွဲပုံကိုလည်း troll ထားပါသေးတယ်။

နေခြည်ဦးနဲ့ အတူတွဲ troll ထားတဲ့ ပုံကိုတော့ စိုင်းစိုင်းက နေခြည်ရဲ့ timeline မှာသွားပြီး ယခုလိုပြောကာ နောက်ပြောင်လို့ထားတာတွေ့ရပါတယ်။ "အေး တွေ့ပြီပေါ့ ထူးပြည့်ရာ — with Nay Chi Oo." ဆိုပြီး နောက်ပြောင်ထားပါတယ်။ ထို post အောက်မှာလည်း ပရိသတ်တွေက ပြောင်နောက်နေကြပြီး တချို့ကတော့ troller တွေကြောင့် တို့ ချီချီတော့အမှုပတ်ပြီ ဆိုပြီး စနောက်နေကြတာတွေ့ရပါတယ်။

Source: Sai Sai and Chi Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။