MRTV – 4 ရဲ့လူကြိုက်များတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်တဲ့ “ဥယျာဉ်မှူးဖြစ်ဖူးချင်သည်

” ဆိုတဲ့ဇာတ်လမ်းတွဲလေးထဲက ဆရာမကတော့ ပိုးကြာဖြူခင်လို့ ခေါ်တဲ့ သူမလေးပါပဲ။ ဒီဇာတ်ရုပ်လေးက သူမနဲ့သိပ်ကိုလိုက်ဖက်ညီလွန်းတယ်လို့ ပြောရမှာပါပဲ။ အေးချမ်းတဲ့ မျက်နှာထားလေးကို ပိုင်ဆိုင်ကာ အဖြူအစိမ်းလေးက မြင်ရသူရင်ကို အေးမြစေ ပါတယ်။။

ကလေးငယ်လေးများအတွက် ရှေ့ဆောင်လမ်းပြပေးမယ့် ကျောင်းဆရာလေးတစ်ဦးအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူပါ။ သူမအတွက် ဒီဇာတ်ကားလေးဟာ ပထမဆုံးအနုပညာလှု ပ်ရှားမှုတစ်ခုဖြစ်ပေ မယ့်လည်း ပရိသတ်တွေကတော့ ဆရာမလေးဆိုတဲ့သူမကို ရင်ထဲမှာအမြဲတမ်းမှတ်မိနေတော့မှာ အသေအချာပါ။ ပရိသတ်အပေါ်မှာလည်း ရင်းရင်းနှီးနှီးဆက်ဆံတက်ကာ မှတ်ချက်ပေးသူများကို တလေးတစားပြန်လည် ပြောဆိုတက်လေ့ရှိပါတယ်။

ဒီဇာတ်လမ်းတွဲလေးနဲ့ ပတ်သက်ပြီး သူမကို အားမနာတမ်းဝေဖန်ပေးပါ အကြုံပြုပေးပါလို့လဲ ဆိုပါတယ်။ အမှန်အတိုင်းပြောပေးမှသာ သူမပြန်လည်ပြုပြင်ရမှာဖြစ်ပြီး မြင်သမျှကို စိတ်ထဲရှိတဲ့အတိုင်း ပြောပြပေးပါလို့ တောင်းဆိုထားပါတယ်။ ပရိသတ်များရဲ့ အချစ်များ ကြောင့် နေ့ရက်တိုင်းပျော်ရွှင်ရတယ်လို့ဆိုပါတယ်။ ဒါကတော့ ဆရာမလေးမဝေကို ချစ်တဲ့ Myanmar Load ပရိသတ်ကြီးအတွက် လတ်တလောအကြောင်းအရာလေးတွေပဲ ဖြစ်ပါတယ်။

Source – Poe Kyar Phyu Khin FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။