အူဝဲလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ ရင့်ကျက်တည်ငြိမ်တဲ့ အလှနဲ့ ပရိသတ်တွေကို ဖမ်းသားလိုက်ပြန်ပါပြီ..။

မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ ဖက်ရှင်ဘုရင်မအဖြစ် ပွဲတိုင်း မပါမဖြစ်တဲ့ သူမကတော့ လတ်တလောမှာတော့ ဂုဏ်ပြုပွဲတွေ ဆက်တိုက် တတ်ရောက်နေတာ တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း မော်လ်ဒယ် မြတ်ပုဏ္ဏမီနိုင်တို့ရဲ့ မင်္ဂလာပွဲလေးကို တတ်ရောက်ခဲ့တဲ့အကြောင်းကို ဓာတ်ပုံလေးတွေ တင်ပြီး သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ ပရိသတ်တွေ အသိပေး ပြောပြထားတာ တွေ့ရပါတယ်..။

မော်လ်ဒယ် မြတ်ပုဏ္ဏမီနိုင်ရဲ့ လက်ထပ်မင်္ဂလာပွဲလေးကို ဂုဏ်ပြုပေးဖို့ တတ်ရောက်လာတဲ့ သူမကတော့ တကယ်ကို ရိုးရှင်းတဲ့ဖက်ရှင်နဲ့ တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိရှိနဲ့ ပရိသတ်တွေ ဖမ်းစားလိုက်ပါတယ်..။

ကလေးနှစ်ယောက်မိခင်လို့တောင် မထင်ရလောက်အောင် နုပျိုပြီး ချစ်စရာကောင်းနေတဲ့ သူမကတော့ ဘယ်နေရာရောက်ရောက် လူချစ်လူခင်ပေါများသလို ဖက်ရှင်ကျကျနဲ့ ဆွဲဆောင်မှု ရှိနေတာ တွေ့ရပါတယ်..။

အခုတစ်ခေါက်မှာလည်း ပန်းရောင်ပွဲတတ် ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း ရိုးရိုးလေး စုထုံးထားတဲ့ သူမဟာ ထူးထူးခြားခြား ပြင်ဆင်ထားမှုမရှိပေမယ့်လည်း ပရိသတ်တွေကို ငေးမောစေခဲ့ပြန်ပါတယ်..။

ပြည်သူ့အချစ်တော် မင်းသမီးချောတစ်လက်ဖြစ်တဲ့ သူမကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး တစ်လက်ဖြစ်သလို ယောင်္ကျားလေး ပရိသတ်တွေအပြင် မိန်းကလေး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုပါ အပြည့်အဝအခိုင်အမာရရှိထားပြီး သူမရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း အခမ်းအနားပွဲများတတ်ရောက်နေသလို အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပြီး မကြာခင်မှာလည်း လူမင်း၊ ပြေတီဦး၊ ခိုင်သင်းကြည်၊ ထက်ထက်ထွန်းတို့နဲ့ အတူ သရုပ်ဆောင် ရိုက်ကူးတော့မယ့် “ညစ်တွန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်..။

အနုပညာလောကမှာလည်း အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် လူသိများပြီး မင်းသားချော ပြေတီဦးနဲ့ ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားကာ သားသား မီးမီးတွေနဲ့ အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

Source - အိန္ဒြာကျော်ဇင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။