ပျိုမေလေးတို့အတွက် ပြောပြထားတာလည်း အတော်စုံလင်နေပြီဆိုတော့ ဒီနေ့တော့ ပျိုမေတို့ရဲ့ကိုကိုတွေအတွက် အဆီပြန်ရတဲ့အကြောင်းအရာတွေကို ပြန်လည်မျှဝေချင် ပါတယ်။ အမျိုးသားအများစုဟာ မျက်နှာပြောင်နဲ့သာနေတက်ကြတာမို့ အဆီပြန်လွယ်ပါတယ်။

ဒီတော့ ဘာကြောင့်အဆီပြန်ရသလဲဆိုတာနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်း လေးတစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။

အဆီပြန်ရတဲ့အကြောင်းအရင်း

Sebaceous Glands လို့ခေါ်တဲ့ ဂလင်းတွေက မျက်နှာအရေပြားအောက်မှာ ရှိပါတယ်။ သူတို့က သာဝအဆီတွေကို ထိန်းပေးပါတယ်။ ယောက်ျားလေးတွေမှာရှိတဲ့ DHT ဆိုတဲ့ ဟော်မှန်းကအဆီပြန်စေပါတယ်။ ဒါပေမယ့် DHT ပမာဏများလာတဲ့အခါ အသားအရေကို အဆီပြန်စေပါတယ်။

ဖြေရှင်းနိုင်မယ့်နည်းလမ်းများ

မျက်နှာသစ်ဆပ်ပြာကို အရည်အသွေးကောင်းမွန်တဲ့ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်ကိုသေချာရွေးဝယ်ပါ။

Toner သုံးတာက ချွေးပေါက်တွေကို ကျဉ်းစေပြီး အေးမြကာ အဆီပြန်မှုကိုတားဆီးပေး ပါတယ်။

အစိုဓာတ်ထိန်းဖို့အတွက် creams တစ်ခုကို သေချာစွာစွဲမြဲလိမ်းပါ။ မကြာခဏ ပြောင်း သုံးတာကလည်း အဆီပြန်စေပါတယ်။

မုတ်ဆိတ်ရိတ်တဲ့အခါ သုံးတဲ့ creams တွေမှာပါ Alcohol ဓာတ်တွေပါဝင်လေ့ရှိတာမို့ အရေပြားကို ခြောက်သွေ့ကာ ချွေးပေါက်များကျဉ်းစေပါတယ်။

အဆီစုပ်စက္ကူများသုံးပါ။ အဆီစုပ်စက္ကူလေးတွေက အချိန်တိုင်း နေရာတိုင်းမှာ အဆီကင်းစင်တဲ့မျက်နှာလေးကို ပိုင်ဆိုင်စေပါတယ်။

ကဲ…..ဒါတွေကတော့ အမျိုးသားတို့အတွက် စုဆောင်းထားတဲ့အလှအပရေးရာပါပဲ။

Source – hello ဆရာဝန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။