ယနေ့ ဇန်နဝါရီ(၆)ရက်နေ့လေးကတော့ မော်လ်ဒယ် သရုပ်ဆောင် မင်းသာမီးချော ပပဝင်းခင်ရဲ့ မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင် မင်းသမီးချောလေး ပပဝင်းခင်ကတော့ သူမရဲ့ မွေးနေ့ရက်လေးကို အလှူဒါန်းများနှင့် အတူ ကုသိုလ်ယူ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်..။

မွေးနေ့ အလှူလေးကိုလည်း ရှမ်းပြည်နယ်၊ ကလောမြို့မှာရှိတဲ့ “ဓမ္မရောင်ခြည် မဟာစည် သာသနာ့ရိပ်သာ” မှာ ပြုလုပ်ကျင်းခဲ့တယ်လို့ သိရပါတယ်..။

မွေးနေ့ရက် မနက်စောစောမှာ သံဃာတော်များနှင့် မယ်သီလရှင်ဆရာလေးများကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

အရုဏ်ဆွမ်းများ ဆက်ကပ်လှူးဒါန်းခဲ့အပြီး ဆရာတော်ထံ ထာဝရဆွမ်းပဒေသာပင်အတွက် ဝတ္တုငွေနှင့် လှူဖွယ်ပစ္စည်းများကိုလည်း မွေးနေ့အလှူအဖြစ် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်..။

သူမရဲ့ မွေးနေ့ အလှူလေးကို မင်းသမီးချော ပပဝင်းခင်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေ ထပ်တူတပ်မျှသာဓုခေါ် ကုသိုလ်ရစေဖို့ ရည်ရွယ်ပြီး ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

ရိုးရိုးအေးအေးလေးနဲ့ အမြဲ ချစ်စရာကောင်းနေတဲ့ သူမကတော့ မွေးနေ့ရက်လေးမှာလည်း ထွေထွေထူးထူး ပြင်ဆင်ခြယ်သထားခြင်းမရှိဘဲ ယဉ်ယဉ်လေး လှနေတာ တွေ့ရပါတယ်..။

လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွားပေမယ့်လည်း သူမ အသုံးပြုတဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲ မျှဝေလေ့ရှိသူလည်း ဖြစ်ပါတယ်..။

အမြဲ မျက်နှာချိုနေတတ်တဲ့ သူမဟာ အနုပညာလောကမှာလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထား အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေပေမယ့်လည်း ပရိသတ်တွေကတော့ ဆက်လက်အားပေးချစ်ခင်နေပြီး ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးဖို့ မျှော်လင့်နေကြတာ တွေ့ရပါတယ်..။

Source - ပပဝင်းခင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။