သရုပ်ဆောင်နေဒွေးဟာ အနုပညာလောကမှာ နေရာတစ်ခုအခိုင်အမာရရှိနေတဲ့ မင်းသားတစ်လက် ဖြစ်နေပါပြီ

နေဒွေးကို ပြည်ထောင်စုသစ္စာဇာတ်လမ်းထဲမှာ စောစောတိုက်ပွဲကျသွားတဲ့ ရဲဘော်လေးတစ်ယောက်အဖြစ် ပရိသတ်တွေ အမှတ်ရနေမှာဖြစ်ပါတယ်

လက်တလောမှာတော့ ဒီနေ့ကျရောက်တဲ့ သူ့မေမေရဲ့ မွေးနေ့မှာ နေဒွေးတစ်ယောက် သတိတရနဲ့ မွေးနေ့ဆုတောင်းပေးထားပါတယ်

"Happy Birthday ပါမေမေ

မွေးနေ့မှစပြီးအသက်ရာကျော်ရှည်ပါစေ

ဒီထက်လည်းသားအပေါ်ချစ်နိုင်ပါစေ

သားအသက်ရှင်နေသမျှကာလပတ်လုံးမေမေ့ကိုပြုစုစောင့်ရှောက်ရှာကျွေးနိုင်တဲ့သားလိမ်မာတယောက်ဖြစ်ပါရစေ" ဆိုပြီး သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာ အမေဖြစ်သူနဲ့ရိုက်ထားတဲ့ငယ်ဘဝပုံလေးနဲ့အတူ တင်ထားပါတယ် .

သားကြီးတစ်ယောက်ဖြစ်တဲ့ နေဒွေးဟာ သူ့ရဲ့အနုပညာလုပ်အားခနဲ့ မိဘကိုလုပ်ကျွေးနေသူတစ်ယောက်ဖြစ်ပုံရပါတယ်

ဒါ့ပြင်နေဒွေးဟာ သူ့ရဲ့အလုပ်အားလပ်ချိန်လေးတွေမှာ မိသားစုနဲ့ ပျော်ရွှင်စွာ အချိန်ပေးလေ့ရှိပါတယ်

ပရိသတ်အခိုင်အမာရရှိနေပြီဖြစ်တဲ့ နေဒွေးတစ်ယောက် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးထားရပြီး လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်နေရသူဖြစ်ပါတယ်

အနုပညာလောကမှာ နာမည်ရမင်းသားတစ်လက်ဖြစ်တဲ့နေဒွေးကတော့ သူ့ရဲ့ ဖေ့ဘုတ်အကောင့်ကနေ လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ ခံစားချက်လေးတွေရေးသားရင်း ပရိသတ်တွေနဲ့ထိတွေ့နေသူုဖစ်ပါတယ်

သူ့မိခင်ကို ဘယ်လောက်ထိချစ်လဲဆိုတာ သိသာပါတယ်နော်

နေဒွေးကိုချစ်သလိုပဲ သူ့ရဲ့မေမေအတွက် မွေးနေ့ဆုတောင်းပေးလိုက်ပါဦး

Source- Nay Dway fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။