သူမကတော့ ချစ်သူနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးကို လူမှုကွန်ယက်မှာမျှဝေခဲ့ပါတယ်။ထိုင်းနိုင်ငံဗန်ကောက်မြို့မှာနေထိုင်တဲ့အသက်

၁၇နှစ်အရွယ်ဆူပါထရာနတ်တီဆူူဆူဖန်အမည်ရှိထိုင်းဆယ်ကျော်သက်အမျိုူသမီးဟာ

အမွေးအမျှင်ကင်းမဲ့တဲ့သူ့ရဲ့မျက်နှာအသစ်ကိုသူရဲ့ခင်ပွန်းအသစ်စက်စက်နဲ့ပျော်ရွှင်စွာ

ရိုက်ကူးထားတဲ့ဓာတ်ပုံနဲ့အတူပထမဆုံးအကြိမ်အဖြစ်ဆိုရှယ်မီဒီယာပေါ်မှာဖေါ်ပြခဲ့ပါတယ်။

မစ္စဆူဆူဖန်ဟာကမ္ဘာ့အမွှေးအမျှင်အထူဆုံးဆယ်ကျော်သက်အဖြစ်

၂၀၁၀ခုနှစ်မှာဂင်းနစ်စ်ချိန်မှတ်တမ်းဝင်ခဲ့ပြီး Ambras Syndrome လို့ခေါ်ခဲ့တဲ့မျိုးဗီဇဆိုင်ရာအခြေအနေ ပြောင်းလဲမှုတစ်ရပ်ကြောင့် မျက်နှာနားခြေလက်နဲ့ကျောပြင်တွေမှာအမွေးအမျှင်တွေထူထပ်စွာ

ပေါက်ရောက်နေတာဖြစ်ပါတယ်။

လက်ရှိမှာလေဆာကုထုံးကသူ့ရဲ့အမွေးအမျှင်တွေရှင်သန်ကြီးထွားနေမှုကိုလုံးဝ

ရပ်တန့်ဖို့မအောင်မြင်သေးဘဲပုံမှန်သုတ်သင်ရှင်းလင်းနေရတယ်လို့ ဆူဆူဖန်ရဲ့ဖခင်ကဒေသတွင်းမီဒီယာတွေကိုပြောပါတယ်။

ဆူဆူဖန်ကသူ့ရဲ့ဆိုရှယ်စာမျက်နှာမှာအမည်ဖေါ်ပြမထားတဲ့သူ့ရဲ့အသက်စက်စက်

လက်တွဲဖေါ်နဲ့အတူပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်းရေးသားထားပါတယ်။

သူဟာလူလတ်ပိုင်းမတိုင်မီမျိုးဗီဇဆိုင်ရာဝေဒနာခံစားနေရသူဒါဇင်အနည်းငယ်ထဲမှတစ်ဦး

လည်းဖြစ်ပါတယ်ဒီရောဂါရဲ့အကြောင်းအရင်းအမှန်ကိုနားမလည်ကြခင်အချိန်ထိသူ့ကို

ဝံပုလွေအမွှေးနဲ့လူလို့သတ်မှတ်ခံရပြီးပတ်ဝန်းကျင်ရဲ့ရှောင်ဖယ်ခြင်းကိုလည်းခံခဲ့ရ

ပါသေးတယ်။

“ဘယ်တစ်ဦးတစ်ယောက်အတွက်နဲ့မှဘာမှမခံစားရပါဘူး၊အမွှေးအမျှင်ထူခြင်းကကျမ

ကိုထူးထူးခြားခြားဖြစ်စေပြီးကျောင်းမှာလည်းသူငယ်ချင်းအတော်များများရခဲ့ပါတယ်”

လို့ဆူဆူဖန်က၂၀၁၀ဂင်းနစ်စ်စံချိန်ဝင်အပြီးမှာပြောခဲ့ပါတယ်။

“တစ်ချို့တွေကကျမကိုမျောက်မျက်နှာလို့ခေါ်ပြီးလှောင်ပြောင်ဖို့့အသုံးချပေမယ့်သူတို့ဒီ

ထက်ပိုပြီးမလုပ်နိုင်ပါဘူးအချိန်အတော်ကြာဒီလိုမြင်တွေ့နေရတာတစ်ခါတစ်ရံမှာခက်ခဲ

ပေမယ့်တစ်နေ့မှာကုစားနိုင်လိမ့်မယ်လို့”သူကဆက်ပြောပါသေးတယ်။

Source - အထွေထွေ ဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။