သမီးအရင်းက အားပြတ်ပြီး တဖုန်းဖုန်းလဲကာ လမ်းဆက်မလျှောက်နိုင်တော့တဲ့ အဖေကို စွန့်ပစ်ထားခဲ့

သမီးအရင်းက အားပြတ်ပြီး တဖုန်းဖုန်းလဲကာ လမ်းဆက်မလျှောက်နိုင်တော့တဲ့ အဖေကို နတ်မော်ဘုရားကြီးရှေ့ လမ်းဘေးမှာ ဒီအတိုင်းစွန့်ပစ်ပြီး ထွက်သွားခဲ့တယ်

.ဖအေကြီးခဗျာ သမီးပြန်လာနိုးကို မျက်ရည်တွေ တွင်တွင်ကျကာ ငိုပြီး ထထိုင်လိုက် လဲသွားလိုက်နဲ့ ၃ နာရီလောက်ကြာအောင် ဖုန်တွေအလူးလူးနဲ့ လမ်းဘေးမှာ တုံလုံးကြီး မျှော်နေရှာတယ်...

နတ်မော်က စိမ်းလန်းသစ်ပင် ပရဟိတအဖွဲ့က အဘကိုတွေ့တော့ အဘမျက်နှာဟာ မျက်ရည်နဲ့ ဖုန်ရောထားတဲ့ ရွံ့တွေပေကာ ၃ နာရီကြာငိုယိုမျှော်နေရှာတုံး...နောက်ဆုံး သမီးကထားသွားခဲ့ပြီမို့ ရိပ်သာမှာနေပါရစေဆိုတာနဲ့...ဟင်္သာတ ဆေးရုံကြီးမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုပေးကာ ပုံ့တို့ ခိုလှုံရာကို လာရောက်ပို့ဆောင်ပေးခဲ့တယ်...အခုတော့ အဘ ဘဝဟာ ခိုလှုံရာမှာ အေးချမ်းလို့နေပါပြီရှင်....

အဘလို စွန့်ပစ်ခံရကာ လမ်းဘေးမှာနေ အမှိုက်ပုံမှာအိပ်တောင်းရမ်းစားသောက်ကာ....သားသမီးတွေပြန်လာခေါ်နိုးစောင့်နေရတဲ့ အဘိုးအိုအဖွားအိုတွေ ရှိအုံးမှာပါ...အဲလိုလူမျိုးတွေ့တဲ့အခါ...မိမိတတ်နိုင်သလောက် သူတို့ဘဝနေဝင်ချိန်လေးလှအောင်စီစဉ်ပေးစေချင်ပါတယ်...အနည်းဆုံးတော့ ပုံ့တို့လို အဖွဲ့တွေ ရိပ်သာတွေကို ဖုန်းလေးတချက်ဆက်လို့ပေါ့....

ပုံ့တို့ ခိုလှုံရာ ကတော့ မည်သည့်လူမျိုး မည်သည့်ဘာသာ မည်သည့်အသက်အရွယ်နဲ့ဖြစ်စေ မိမိဝမ်းစာရှာမစားနိုင်တော့တဲ့ ခိုကိုးရာမဲ့ စွန့်ပစ်ခံဆိုရင် အသက်ပါရင်ပြီးရော လက်ခံမှာပါ....

ရိပ်သာလေးပြီးတဲ့အချိန်တော့ ခတ္တစောင့်ပေးပါ...ပုံ့တို့ အမြန်ဆုံးကြိုးစားနေပါတယ်လို့ ခိုလှုံရာ ပရဟိတမှ တင်ခဲ့ပါတယ်

ခိုလှုံရာ ပရဟိတ

ဒေါ်သင်းရွှေစင်လှိုင်

၀၉၇၉၆၆၃၃၃၆၈၊၀၉၇၉၅၉၂၉

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။