CNN Chile ရဲ့ သတင်းတစ်ပုဒ်ကြောင့် ကွယ်လွန်သွားပြီဖြစ်တဲ့ Jonghyun ရဲ့ Fan တွေကတော့ အတော်လေးကို စိတ်ဆိုးဒေါပွစေခဲ့ပါတယ်..။

အသက် (၂၇)နှစ်အရွယ်ရှိတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ Kpop အဆိုတော် အဖွဲ့ဖြစ်တဲ့ အဖွဲ့ဝင် Jonghyun ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁၈)ရက်နေ့က စိတ်ကျရောဂါကြောင့် သူ့ရဲ့ နေအိမ်တိုက်ခန်းမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့တယ်လို့ သတင်းတွေအရ သိရှိခဲ့ကြပါတယ်..။

ဒါပေမယ့် CNN Chile ကတော့ Jonghyun ရဲ့ သေဆုံးမှုကို အခြားသတင်းမီဒီယာတွေနဲ့ မတူဘဲ လုံးဝကွဲပြားစွာ ဖော်ပြခဲ့ပါတယ်..။

Jonghyun ဟာ သူ့ကိုယ်သူသတ်သေမှုမှာ မူးယစ်ဆေးဝါးနဲ့ အယ်လ်ကိုဟောကြောင့် သေဆုံးခဲ့ပါဆိုပြီး ဖော်ပြခဲ့တဲ့အတွက် Jonghyun ရဲ့ Fan တွေက အကြီးအကျယ် စိတ်ဆိုးခဲ့ကြတာ ဖြစ်ပါတယ်..။

ပရိသတ်တွေကတော့ သူတို့ရဲ့ Idol ကို ဒီလို မှားယွင်းစွာ ရေးသားဖော်ပြတဲ့ မကျေမနပ်ဖြစ်ခဲ့ကြပြီး ဒါဟာ သတင်းအမှားဖြစ်တယ်ဆိုပြီး ထောက်ပြခဲ့ပါတယ်..။

ဒီလို ထောက်ပြလိုက်တဲ့ အချိန်မှာတော့ CNN Chile က မူးယစ်ဆေးနဲ့ အယ်လ်ကိုဟောဆိုတဲ့ အပိုင်းကို ပြန်လည်ပြင်ဆင်ရေးသားခဲ့ပေမယ့် Jonghyun ဟာ မူးယစ်ဆေးနဲ့ အယ်လ်ကိုဟော ကင်းရှင်းပေမယ့်လည်း သူ့ရဲ့ သူငယ်ချင်းတော်တော်များများကတော့ မကင်းဘဲ သုံးစွဲကြတယ်ဆိုပြီး အစားထိုး ရေးသားဖော်ပြခဲ့တယ်လို့ သိရပါတယ်..။

အဲ့ဒီသတင်းကို ဒီဇင်ဘာ(၂၁)ရက်နေ့က ရေးသားဖော်ပြခဲ့တာ ဖြစ်ပြီး သတင်းမှားနေတဲ့ အကြောင်း ပရိသတ်တွေ မပြောခင်အချိန်အထိ ရက်အတော်ကြာ မူးယစ်ဆေးနဲ့ အယ်လ်ကိုဟောကြောင့် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်..။

CNN Chile သတင်းဌာနကတော့ သူတို့ရဲ့ မှားယွင်းမှုအတွက် ပြန်လည်တောင်းပန်တာမျိုးတော့ မပြုလုပ်ခဲ့ပေမယ့် ပြန်လည်ပြင်ဆင်ရေးသားဖော်ပြခဲ့တယ်လို့ သိရပါတယ်..။

Jonghyun ရဲ့ ပရိသတ်တွေကတော့ CNN Chile ကို အချိန်အတော်ကြာတဲ့ အထိ စိတ်ဆိုးဒေါသဖြစ်နေလိမ့်ဦးမယ်လို့ ယူဆရပါတယ်..။

Source - Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။