ထိုင်းနိုင်ငံက စုံတွဲတစ်တွဲကတော့ မြန်မာနိုင်ငံမှာ Pre Wedding ဓာတ်ပုံတွေကို လွတ်လပ်ပေါ့ပါးစွာလာရောက်ရိုက်ကူးသွားခဲ့ပါတယ်။ဒီပုံလေးတွေဟာ လူမှုကွန်ယက်မှာတော့ လူကြိုက်များနေပြီး အားလုံးကလည်း အားကျနေကြပါတယ်။လူတော်တော်များများက Pre Wedding ဓာတ်ပုံတွေကို စတူဒီယိုထဲမှာသာ ခန်းခန်းနားနားနဲ့ရိုက်ကူးတတ်ကြပါတယ်။

ဒီထိုင်းစုံတွဲကတော့ အများနဲ့မတူပဲ ထမူထူးခြားတဲ့စိတ်ကူးနဲ့ မြန်မာနိုင်ငံမှာလာရောက်ကူးခဲ့တာဖြစ်ပါတယ်။ဒီဓာတ်ပုံလေးတွေဟာ အများမထင်မှတ်ထားအောင်ကို မြင်လိုက်တာနဲ့အံသြလောက်စရာ ပျော်စရာကောင်းတဲ့ သဘာဝကျကျရိုက်ထားတဲ့ ဓာတ်ပုံလေးတွေပါ။

မြန်မာရိုးရာဝတ်စုံကို တန်ဖိုးထားဝတ်ဆင်ပြီးရိုက်ကူးခဲ့တာဟာ အရမ်းကိုကျက်သရေရှိလှပါတယ်။သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကိုကြည့်ခြင်းအားဖြင့် ပကာသနမပါ၊မာန်မာနမပါ၊အဆင့်တန်းခွဲခြားမှုမရှိဘဲ ကြင်နာတတ်တဲ့စိတ်ထားကလေးတွေကို အထင်းသားတွေ့မြင်ရပါတယ်။

source - paragonia pink

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။