ယခုနှစ် မတ်လလောက်မှာ Tiangong-1 အမည်ရတရုတ်အာကာသစခန်း ဟာကမ္ဘာမြေပေါ်ကိုပြန်လည် ပြုတ်ကျလာတော့မှာ ဖြစ်ပါတယ်။ အာကာသစခန်းရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းများကတော့ ကမ္ဘာမြေသို့ ကျလာပြီး မီးလောင်ပျက်ဆီးသွားမှာ ဖြစ်ပေမယ့် ကြီးမားတဲ့ အစိတ်အပိုင်းများကတော့ ကမ္ဘာမြေပေါ် ကျလာနိုင်ပါတယ်။

Tiangong -1 ကို ၂၀၁၁ ခုနှစ်မှာအာကာသသို့ လွှင့်တင်ခဲ့ခြင်း ဖြစ်ပြီး တရုတ်ရဲ့ လူလိုက်ပါတဲ့ ပထမဆုံးအာကာသစခန်း ဖြစ်ပါတယ်။ သူဟာအလေးချိန် ပေါင် ၁၉ ၀၀၀ နီးပါးရှိပြီးအလွန် ကျစ်လစ် သိပ်သည်းပါတယ်။ သူ့ရဲ့ အစိတ်အပိုင်းများထဲမှ ၁၀ ကနေ ၄၀ ရာခိုင်နှုန်း ဟာကမ္ဘာမြေပေါ်သို့ ကျလာမယ်လို့ တွက်ချက်ထားကြပါတယ်။

၂၀၁၆ ခုနှစ်မှာတရုတ် အာကာသအေဂျင်စီကအဲဒီအာကာသစခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီလို့ ကြေညာခဲ့ပါတယ်။ သူဟာ ကမ္ဘာပတ်လမ်းကြောင်းကနေကမ္ဘာမြေသို့ တဖြည်းဖြည်းချင်း ဝင်ရောက် လာနေပြီ ဖြစ်ပါတယ်။ သူ ပြုတ်ကျလာမယ့် တည်နေရာကိုတော့ တွက်ချက် လို့ မရပါဘူး။ အမေရိကန် အာကာသထောက်လှမ်းရေးကွန်ရက်နဲ့ အခြားနိုင်ငံများမှ အာကာသအေဂျင်စီများကသူ့ကိုခြေရာခံနေပြီး ၄၃ ဒီဂရီမြောက်နဲ့ ၄၃ ဒီဂရီတောင် လတ္တီကျုအတွင်းမှာ ပြုတ်ကျလာမယ်လို့ ခန့််မှန်းထားကြပါ တယ်။

Source:  Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။