ကိုယ့်သမိုင်းကိုယ်ရေးကြသူများ(၂)မှာ ပါ၀င်သရုပ်ဆောင်ထားတဲ့ သူမကို ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။အောင်မြင်စပြုနေတဲ့ အနုပညာရှင်တွေထဲမှာ မော်ဒယ်သရုပ်ဆောင် နန်းမော်လည်း ပါ၀င်ပါတယ်။

သူမကတော့ တက်သစ်စအနုပညာရှင်တစ်ဦးဖြစ်ပြီး မော်ဒယ်သရုပ်ဆောင်တစ်ယောက်အဖြစ် နာမည်ရနေတဲ့သူတစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေမှာ မင်္ဂလာဆွမ်းကျွေးနဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲလုပ်ခဲ့တဲ့ ရုတ်တရက် ပေါ်ထွက်လာတဲ့သတင်းကြောင့် ပရိသတ်တွေအံ့အားသင့်ခဲ့ရပါတယ်။

သူမကိုအရမ်းချစ်ပြီးလိုက်ဖက်ညီတဲ့ ချစ်သူကိုပိုင်ဆိုင်ထားတဲ့ နန်းမော်တစ်ယောက် လာမယ့် ဖေဖော်ဝါရီလမှာ မင်္ဂလာပွဲကျင်းပမှာဖြစ်တယ်လို့ နီးစပ်ရာအသိုင်းဝိုင်းက သိရပါတယ်။

နန်းမော် တစ်ယောက် လူမှုကွန်ရက်မှာ လှုပ်ရှားမှုပုံလေးတွေ သိပ်တင်ထားတာမတွေ့လို့ ပရိသတ်တွေကတော့ လွမ်းနေကြပါတယ်။ ဒါပေမယ့် Dec 29 လောက်ကတော့ သူမရဲ့ ဖေ့ဘုတ်မှာ ဂါ၀န်အနီလေးနဲ့ အရမ်းလှနေတဲ့ပုံလေးတွေကို တင်ထားပါသေးတယ်။

ချစ်စရာကောင်းတဲ့ မျက်နှာလေးမှာ ပါးချိုင့်လေးပါတဲ့အတွက် ပိုပြီး လူချစ်လူခင်များနေတဲ့ သူမကတော့ အနုပညာအလုပ်တွေကို ဆက်လုပ်ဖြစ်ဦးမလားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

သူမတို့စုံတွဲရဲ့ မင်္ဂလာဆွမ်းကျွေးပုံလေးတွေ ထွက်ပေါ်လာတုန်းကလည်း ပရိသတ်တွေကတော့ မယုံနိုင်လောက်အောင်အံ့အားသင့်နေကြသလို နန်းမော်ကို အိမ်ထောင်မပြုစေချင်သေးတဲ့ ပရိသတ်တွေလည်း ရှိနေကြတာကိုတွေ့ရပါတယ်။

နန်းမော်ကတော့ အရမ်းလိုက်ဖက်ညီပြီး ရုပ်ရည်ချောမောတဲ့ ချစ်သူကို ပိုင်ဆိုင်ထားရတာမို့ နေနဲ့လ ရွှေနဲ့မြလိုပဲ လိုက်ဖက်ညီနေပါတယ်။  

Source - Nanthirimaw fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။