သူတို့နှစ်ဦးကို အခုလို အတူတူမတွေ့ဖြစ်တာ ကြာပြီမို့ ဒီပုံလေးတွေမြင်ပြီး ပရိသတ်တွေသဘောကျနေမှာပါ။

ရုပ်ရှင်လောကမှာ ထိပ်တန်းမင်းသမီးတွေဖြစ်ကြတဲ့ မို့မို့မြင့်အောင်နဲ့ ခင်ဇာခြည်ကျော် တို့နှစ်ဦးကတော့ ကြုံတောင့်ကြုံခဲ ဆုံကြတုန်းအခိုက်မှာ အမှတ်တရပုံလေးတွေရိုက်ယူထားတာတွေ့ရပါတယ်။

ရုပ်ရှင်မင်းသမီးချော ခင်ဇာခြည်ကျော်က သူမရဲ့ ဖေ့ဘုတ်မှာ "ဒီနေ့ ရှုတင်မှာ မဆုံတာကြာပြီဖြစ်တဲ့ ချစ်သောမမို့နဲ့" ဆိုတဲ့စာလေးရေးကာ မို့မို့မြင့်အောင် နဲ့ ဓာတ်ပုံလေးကို တင်ထားတာဖြစ်ပါတယ်။

တစ်ချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ အနုပညာရှင်တွေဖြစ်သလို လက်ရှိမှာလည်း ပရိသတ်တွေမလျော့သွားသေးတဲ့ မင်းသမီးတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ၀ါရင့်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကျရာဇာတ်ရုပ်မှာ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေရဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေရရှိနေသေးတာကိုတွေ့ရပါတယ်။

ဒီနေ့ဒီအချိန် နာမည်ကျမသွားတဲ့ မင်းသမီးတွေဖြစ်သလို အသက်အရွယ်တွေပြောင်းလဲလာပေမယ့်လည်း ယနေ့ခေတ် မင်းသမီးတွေနီးပါး အရွယ်တင်နုပျိုနေသေးတာကိုလည်း တွေ့ရမှာပါ။ ချစ်စရာကောင်းပြီး ဖော်ရွှေတဲ့ မင်းသမီးနှစ်လက်ဖြစ်တာမို့ ပရိသတ်တွေလည်း သူတို့ရဲ့ ဇာတ်ကားတွေကို ပြန်လည်တမ်းတနေကြမှာ အသေချာပါပဲ။

အကယ်ဒမီဆုတွေရရှိထားပြီးသားဖြစ်တဲ့ သူတို့နှစ်ဦးကတော့ ၀ါရင့်သရုပ်ဆောင်တွေပီပီ ဘယ်ဇာတ်ရုပ်ကိုပဲဖြစ်ဖြစ် ပရိသတ်သဘောကျအောင် ဖမ်းစားနိုင်သူတွေပဲဖြစ်ပါတယ်။ လက်တလောမှာတော့ ခင်ဇာခြည်ကျော်ဟာ တန်ဖိုးရုပ်ရှင်ကားကြီးကို ရိုက်ကူးနေတာဖြစ်တယ်လို့ သိရပါတယ်။ ပရိသတ်ကြီး မို့မို့နဲ့ ဇာလေးကို ချစ်သေးရဲ့လား။  

Source : Khinzarchikyaw zarlay 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။