မာန်အောင်သားလေး သရုပ်ဆောင်နေတိုးဟာဆိုရင်တော့ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်ဆုံးတစ်နေရာမှာ ရောက်ရှိနေပြီး သူ့ရဲ့သရုပ်ဆောင်ပြောင်မြှောက်မှုတွေကြောင့် ကလေး/လူကြီးမရွေး နှစ်သက်အားပေးမှုရရှိထားပါတယ်။ သရုပ်ဆောင်နေတိုးဟာ လက်ဝယ်အကယ်ဒမီဆုတွေပိုင်ဆိုင်ထားပြီး ၂၀၁၇နှစ် ရုပ်ရှင်အကယ်ဒမီပေးပွဲမှာလည်း သူဟာဇာကာတင်အရွေးခံထားရတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။

မင်းသားနေတိုးရဲ့ လက်တလောအနုပညာလှုပ်ရှားမှုကတော့ ဒါရိုက်တာစတီးလ်နဲ့ “ပိုတိုနီ”အမည်ရှိတဲ့ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေပါတယ်။ ထိုကားမှာတော့ အမျိုးသမီးဇာတ်ဆောင် မင်းသမီးသက်မွန်မြင့်/ပိုင်ဖြိုးသုတို့နှင့်အတူ သရုပ်ဆောင်ထားပြီး Action ~ Drama ဆန်တဲ့ဇာတ်လမ်းမျိုးရိုက်ကူးနေပါတယ်။ သရုပ်ဆောင်နေတိုးဟာ ၂၀၁၈ဇာတ်ကားရိုက်ကူးမှုတွေ ဇာတ်လမ်းတွေ လက်ခံထားပြီးဖြစ်ပါတယ်။ သူ့ရဲ့ ၂၁၀၈တွက် ပါ၀င်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်နေရာတွေဟာဆိုရင် အက်ရှင်/ Life စတဲ့နေရာတွေပါ၀င်သရုပ်ဆောင်မှာဖြစ်ပြီး ဟော်ရာဇာတ်ကောင်အနေနဲ့ပါ၀င်ဖို့လည်း စီစဉ်နေတုန်းလို့သ်ိရပါတယ်။

နေတိုး / ထွန်းထွန်း/ ရဲလေး/ မိုးမိုး/ ကျော်ကျော်ဗိုလ်တို့အဖွဲ့ဟာ ၂၀၁၈.၁.၁၉/၂၀မှာတော့ နှင်းဆီနယ်နမိတ်ဆိုတဲ့ ရန်ပုံငွေအငြိမ့်ပွဲကို ဖျော်ဖြေတင်ဆက်ဖို့ရှိပါတယ်တဲ့။ ဒီရန်ပုံငွေပွဲလေးကတော့ ရခိုင်အနောက်ဘက်ခြံစည်းရိုးကာမယ့်တွက် ကောက်ခံမယ့်အလှူငွေပွဲလေးဖြစ်ပါတယ်။

ပရိတ်သတ်အချစ်တော် အကယ်ဒမီနေတိုးရဲ့ ၂၀၁၈ထွက်ရှိမယ့် ဇာတ်ကားတွေကို ဆက်လက်အားပေးပြီး ၂၀၁၇အကယ်ဒမီပေးပွဲတွက်လည်း ရင်ခုန်စိတ်လှုပ်ရှားစွာ နေတိုးကိုချစ်တဲ့ပရိတ်သတ်နဲ့အတူစောင့်မျှော်နေပါတယ်။ နေတိုးတစ်ယောက် ဒီထက်မကအောင်မြင်မှုတွေရရှိပြီး ဒီထက်မကသော ပီပြင်ပြောင်မြှောက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိတ်သတ်တွေရဲ့ နှလုံးသားတွေကို ဖမ်းစားထားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။