ဇန်နဝါရီ ၆ ရက် (ယနေ့) နံနက် ၉ နာရီမှာတော့ ကလေးစာပေပွဲတော် (ရန်ကုန်)ကို အ.ထ.က(၆)ဗိုလ်တထောင်တွင် သမ္မတကြီးဦးထင်ကျော်တက်ရောက် ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကလေးစာပေ ပွဲတော်(ရန်ကုန်)တွင် ပြခန်းများ အစုံအလင်ပြသ ထားပြီး ဖျော်ဖြေရေး အစီအစဉ် များ လည်းပါဝင်တယ်လို့ ၎င်း ကလေးစာပေပွဲတော် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ကလေး စာပေပွဲတော် တွင် ဆရာကြီး မင်းသုဝဏ်ရဲ့ စာပေလက်ရာများ၊ မှတ်တမ်းဓာတ်ပုံများ၊ ကလေးစာ အုပ်ပြခန်း၊ 3D ပြခန်း၊ ကလေး စာဖတ်ခန်းများ ပါဝင်တယ်လို့ သိရပါတယ်။ 

ထိုပြင် နည်းပညာမိတ်ဆက်ပြခန်း၊ ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာ ကျောင်းများမှ စုပေါင်း၍ ခင်းကျင်းပြ သထားသည့် သိပ္ပံလက်တွေ့ပြခန်း၊ အိမ်တွင်းမှုပြခန်း၊ တီထွင်ဆန်း သစ်မှုပြခန်း၊ ပညာပေး ပြခန်း၊ လက်မှုပညာပြခန်း၊ ပန်းအလှနှင့် ခြင်းထိုးလုပ်ငန်း ပြခန်း၊ ဖန်စီဖြင့် အလှဆင်ခြင်းပြခန်း၊ ဒေသထွက် ကုန်ပစ္စည်းများပြခန်း ပြသထားတာပဲဖြစ်ပါတယ်။ဆက်လက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးပြခန်း၊ ရေအားလျှပ်စစ်ထုတ်လုပ်ပုံပြခန်း၊ ရူပဗေဒပြခန်း၊ ကိုယ်ပိုင်ကျောင်းများမှ ခင်းကျင်းပြသ သည့် သိပ္ပံလက်တွေ့ ပြခန်းများနှင့် သင်ထောက်ကူပစ္စည်း များပြခန်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန မိုဘိုင်းပြခန်းများဖြင့် ပြခန်းများစွာ ပါဝင် ပြသထားကြောင်း သိရပါတယ်။

ကလေးစာပေပွဲတော် (ရန်ကုန်)တွင် ပြခန်းများအပြင် မျက်လှည့်နှင့် ရုပ်သေးအက၊ အထက(၆)ဗိုလ်တထောင် ကျောင်းသားများရဲ့ ဆိုင်းဝိုင်း နှင့် ကျောက်ဆည်မြို့မှ ဆင်အကများဖြင့် ဖျော်ဖြေခဲ့တယ် လို့သိရပါတယ်။ ထို့အပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေး ဂီတများဖြင့် ပွဲတော်ရက်အတွင်း ပွဲတော်သို့ လာရောက်တဲ့ ကလေးများကို ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး မည်သူမဆို လာရောက် ဆင်နွှဲနိုင် ကြောင်း သိရပါတယ်။

သတင်းအရင်းအမြစ် - 7 Day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။