ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့ တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိသာမညကျေးရွာ ရေတံခွန်ရပ်ကွက် တွင်ဓာတ်လိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။ ၎င်းဓာတ်လိုက်မှုကြောင့် လူငါးဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ 

အဆိုပါဖြစ်စဉ်မှာ ယန့ဇန်နဝါရီလ ၆ရက်နေ့မနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် သာမညကျေးရွာ ရေတံခွန်ရပ်ကွက်အိမ်အမှတ် ၉/၆၆တွင်နေထိုင်သော ဦးမောင်ပါးသည်ဖုန်းတိုင်ကိုပြောင်းရွှေ့ရာမှတစ်ဆင့် ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ၎င်းဖုန်းတိုင်သည်သံပိုက်ဖြင့်ပြုလုပ်ထားပြီး ၃၂ ပေရှည်ပါတယ်လို့သိရပါတယ်။ ထိုဖုန်းတိုင်ကိုပြောင်းရွှေ့ရာတွင် ကိုလခို (၃၄ နှစ်)ကိုကျော်မိုး (၁၉ နှစ်) နှင့် သားဖြစ်သူခွန်သိန်းဝင်း( ၃၀ နှစ်) တို့ပါပါဝင်တယ်လို့ပြောပါတယ်။

‌ဦးမောင်ပါးနှင့်အတူ ထိုသုံးယောက်သည် ဖုန်းသံတိုင်ကိုပြောင်းရွှေ့ရင်း ၎င်းတိုင်အလေးချိန်ကိုမထိန်းနိုင်ဘဲ သာမညမှ ဝင်စိန်ရွာသို့သွယ်တန်းထားသော မီးလိုင်းကြိုးပေါ်သို့ ပြုတ်ကြပြီး ဓာတ်လိုက်ခဲ့တာဖြစ်ပါတယ်။ ထိုသို့ဓာတ်လိုက်နေစဉ် မီးလောင်နေသည့် ဦးမောင်ပါ အား ဇနီးဖြစ်သူမှ ရေဖြင့်ဖျန်းပက်ရာ ဇနီးဖြစ်သူပါ ဓာတ်လိုက်ကာ ငါးဦးလုံးသေးဆုံးခဲ့ခြင်းဖြစ်ပါတယ်။ ထိုသေဆူံးသူ ၅ ဦးလုံးကိုလည်း ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

Source - ဒိန္ခ်ဥ္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။