မင်းသားချောကောင်းမြတ်စံ ကတော့"အမုန်းမှသည်" ဇာတ်ကားလေးမှာ ကိုးလ်အဖြစ် ပါဝင်သရုပ် ဆောင်သွားခဲ့ပြီး ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်သွားခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကို ညို့ယူဖမ်းစား သွားတဲ့ သူလေးပါ။ "အမုန်းမှသည်" ဇာတ်ကားလေး ထုတ်လွင့်မှုပြီးဆုံး သွားပေမယ့် ပရိသတ် တွေရင်ထဲမှာ ကိုးလ်ဆိုတဲ့ နာမည်လေးကတော့ ထင်ကျန်နေအုန်း မယ်ထင်ပါတယ်။

လက်ရှိမှာ လည်းနောက်ထပ် အနုပညာခြေလှမ်း အသစ်တွေနဲ့ ဆက်လက်ကြိုးစား နေတာပဲ ဖြစ်ပါ တယ်။ကောင်းမြတ်စံရဲ့ အပြုံးလေးတွေကိုမှ ကြွေပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် သူရဲ့အနု ပညာခြေလှမ်း အသစ်လေးမှ ချစ်စရာပုံရိပ်လေး တစ်ချို့ကိုမျှဝေပေးချင်ပါတယ်။တေးသံရှင် မို့မို့ရဲ့ ရူးပါစေတော့ဆိုတဲ့ သီချင်းMTVလေးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။

ဒီMTVလေးထဲမှာတော့ ပေတီးပေစုတ်ပုံစံလေးနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ သူရဲ့လူမှုကွန်ယက် မှာရေးသားမျှဝေခဲ့ တာပဲဖြစ်ပါတယ်။MTVထဲက ဇာတ်လမ်းလေးဟာ ဘယ်လိုဖြစ်မလဲ ဆိုတာတော့ စောင်ကြည့် အားပေးကြပါနော်လို့ဆိုပါတယ်။ကိုးလ်ရဲ့ အနုပညာခြေလှမ်းအသစ်လေးကို အားပေးမယ် မဟုတ်လားပရိသတ်ကြီး။လာမယ့်ဇန်နဝါရီလ(၈)ရက်နေ့မှာ ဒီMTVလေးကို ပရိသတ်တွေဆီ မျှဝေသွားမှာပါတဲ့နော်။အခုတော့ အကြိုခံစားကြည့်ရှု့နိုင်စေရန် ပုံရိပ်လေးတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ကောင်းမြတ်စံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။