နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ ခိုင်သင်းကြည်တစ်ယောက် မန္တလေးမြို့မှာ မနက် နေ့လည် ညနေ မအားလပ်ရအောင်ကို ရုပ်ရှင်ရိုက်ကူးနေရပါတယ်။ သူမဟာအောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ပရိတ်သတ်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ပျော်ရွှင်စရာ ကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင် ထားပြီး ချစ်စဖွယ်သမီးလေးကိုလည်း အကောင်းဆုံးပျိုးထောင် နိုင်ခဲ့ပါတယ်။ အသက် လေးဆယ်ကျော်သည့်တိုင်အောင် အလှတွေမပြယ်သေးပဲ လှမြဲလှဆဲပါပဲ။

သူမရဲ့ချစ်စဖွယ်သမီးလေးဟာ အမေ့ခြေရာကိုအတိအကျနင်းမယ့် အရိပ်အယောင်လေးတွေ ပြနေပါပြီ။ ကြော်ငြာလေးတွေစတင်ရိုက်ကူးနေပြီဖြစ်ပါတယ်။ သူမဟာသွက်လက်လွန်းတာ ကြောင့် ဒါရိုက်တာတွေက ရုပ်ရှင်ရိုက်ကူးဖို့ကမ်းလှမ်းချက်တွေရှိပေမယ့် သူမရဲ့သမီး လေးဟာ သရုပ်ဆောင်ပိုင်းထိကို ကောင်းမွန်စွာမလုပ်နိုင်သေးတာကြောင့် ကမ်းလှမ်းချက် တွေကို မေမေခိုင်သင်းကြည်က လက်မခံခဲ့သေးဘူးလို့ဆိုပါတယ်။ နောက်ပိုင်းတွေမှာတော့ ထိပ်ထိပ်လေးရဲ့ ချစ်စဖွယ်အမူအရာလေးတွေကို ပရိတ်သတ်ကြီးက ဖန်သားပြင်ပေါ်မှာ ကြည့်ရှုရတော့မှာပါ။

အနုပညာသမားတွေရဲ့ တစ်နေ့တာဟာ မလွယ်ကူကြောင်း ခိုင်သင်းကြည်ရဲ့စာလေးတစ်ပိုဒ်က သက်သေပြလို့နေပါတယ်။ သူမရဲ့ Facebook မှာ မနက်ပိုင်းမန္တလေးတောင်ပေါ်မှာရိုက် နေ့လည်ပိုင်း မန္တလေးမြို့ပေါ်မှာရိုက် နေလည်စာကို၄နာရီမှစစ်ကိုင်းတံတားဘေး (ကားပေါ်မှာ)စားပြီးညအထိဆက်ရိုက် ညစာကို၁၀နာရီထိုးခါနီးမှသူငယ်ချင်းတွေနဲ့ အကင် သွားစား မနေ့ကဖြစ်သည် စာကြွင်း - မနက်အစောဇွဲထက်ရွှေဆိုင်ကဆွဲပြားလေးနဲ့ နေ့လည် ဖက်မောင်ကိန်းရွှေဆိုင်ကလက်စွပ်လေး လက်ဆောင်ရတယ်ရှင် ဆိုပြီးတင်ထားပါတယ်။ မောပန်းတဲ့ကြားထဲက ဒီလိုချစ်စဖွယ်လက်ဆောင်လေးတွေ ကြောင့် ပင်ပန်းရကျိုးနပ်တာပေါ့ နော်။ ခိုင်သင်းကြည်ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo – Khine Thin Kyi’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။