မြန်မာနေရှင်နယ်လိဂ်အင်အားကြီးရတနာပုံအသင်းဟာ

ဒီနှစ်ဘောလုံးရာသီအတွက်သူတို့အသင်းရဲ့နည်းစနစ်

အကြံပေးအဖြစ်ကစားသမားဟောင်းဖြစ်သူရန်ပိုင်ကို

ခန့်အပ်လိုက်ပါတယ်။ရန်ပိုင်ဟာနေရှင်နယ်လိဂ်စတင်ချိန်

ကတည်းကရတနာပုံအသင်းမှာကစားခဲ့တဲ့ကစားသမား

ဖြစ်ပြီးမနှစ်ကဘောလုံးရာသီအသင်းမှာမှအနားယူခဲ့တာပါ။

ရတနာပုံအသင်းခေါင်းဆောင်လည်းဖြစ်တာကြောင့်ယခုလက်ရှိအသင်းသားတွေနဲ့နွေးထွေးတဲ့ဆက်ဆံရေးတစ်ရပ်ထူ

ထောင်ထားနိုင်သူပါ။

ရန်ပိုင်ဟာရတနာပုံအသင်းမှာနည်းပြချုပ်ဖြစ်တဲ့အောင်ကျော်မိုးနဲ့အတူလက်တွဲလုပ်ဆောင်သွားမှာပါ။အောင်ကျော်မိုးနဲ့

ရန်ပိုင်ဟာကစားသမားဘဝမှာလည်းအတူတူတွဲဆော့ခဲ့ကြ

သူတွေဖြစ်ပြီးနည်းပြဘဝမှာလည်းအတူတူလက်တွဲကြရတာ

ထူးခြားမှုပဲဖြစ်ပါတယ်။ဒီနှစ်MNLမှာကစားသမားဘဝကနေ

နည်းပြလုပ်နေတဲ့လူငယ်နည်းပြတွေတော်များများရှိလာပြီး

ရတနာပုံနည်းပြအောင်ကျော်မိုး၊ရန်ကုန်နည်းပြမျိုးမင်းထွန်း၊

ရှမ်းနည်းပြစိုးမြတ်မင်း၊မကွေးနည်းပြအောင်ဇော်မျိုး၊တန်းတက်

စစ်ကိုင်းယူနိုက်တက်နည်းပြဇော်လင်းထွန်းတို့ဖြစ်ပါတယ်။

ရန်ပိုင်ဟာကစားသမားဘဝမှာဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူး

အဖြစ်ကျော်ကြားခဲ့သူပါ။ရတနာပုံအသင်းမှာသူအနားယူသွားတဲ့အခါသူ့နေရာကိုဆက်ခံသူအဖြစ်အောင်သူကိုသတ်မှတ်ထားခဲ့ကြပါတယ်။ဒါပေမယ့်

သူအနားယူသွားတဲ့အချိန်မှာအောင်သူကလည်းထိုင်းကို

ပြောင်းသွားခဲ့ပါတယ်။အခုနှစ်ဘောလုံးရာသီမှာရတနာပုံ

ရှေ့တန်းမှာရှိနေသူတွေကဝင်းနိုင်စိုး၊ရှိုင်းသူရနဲ့ဝင်းနိုင်ထွန်း

ပါ။ကစားသမားဘဝကလည်းရန်ပိုင်ဟာတိုက်စစ်ကစား

ခဲ့တဲ့ရန်ပိုင်ည်းစနစ်အကြံပေးဖြစ်လာတဲ့အခါတိုက်စစ်အား

သန်တဲ့ရတနာပုံကစားဟန်တစ်ခုတည်ဆောက်နိုင်မလား

ဆိုတာတော့..

Source -YDNB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။