မြန်မာနေရှင်နယ်လိဂ်သင်းတစ်သင်းဖြစ်တဲ့ မကွေးအသင်းဟာ

ီဒီနှစ်ဘောလုံးရာသီမှာအပြောင်းအလဲတွေများစွာပြုလုပ်

ထားပါတယ်။နှစ်တိုင်းလိုလိုနိုင်ငံခြားသားကစားသမားတွေကိုခေါ်ယူခဲ့

ပေမယ့်ဒီနှစ်မှာတော့မြန်မာကစားသမားတွေကိုခေါ်ယူ

ခဲ့ပါတယ်။နိုင်ငံခြားသားကစားသမားတွေကိုမခေါ်ယူ

ခဲ့ပေမယ့်မြန်မာပလေယာဆယ့်နှစ်ယောက်တိတိဒီ

နှစ်အပြောင်းအရွှေ့မှာခေါ်ယူခဲ့ပါတယ်။ကစားသမား

တွေကိုလည်းအပြောင်းအလဲလုပ်ခဲ့သလိုနည်းပြအပြောင်း

အလဲတွေလည်းပြုလုပ်ခဲ့ပါတယ်။

ယခင်နှစ်ကမကွေးနည်းပြချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ ဦးဇော်ဝင်းထွန်းမှာ ယခုနှစ်တွင် နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီးနည်းပြချုပ်အဖြစ်ဦးအောင်ဇော်မျိုးမှတာဝန်ယူဆောင်ရွက်သွားမယ်လို့သိရပါတယ်။ဦးအောင်ဇော်မျိုးဟာယခင်ကရခိုင်ယူနိုက်တက်နည်းပြချုပ်

်အဖြစ်တာဝန်ယူခဲ့သူပါ။သူဟာAFC "A"လိုင်စင်ရထားတဲ့

နည်းပြတစ်ဦးဖြစ်ပြီးယမန်နှစ်နည်းပြဦးဇော်ဝင်းထွန်းကတော့

နည်းစနစ်ဒါရိုက်တာအဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်မှာပါ။ပြောင်းလဲမှုများစွာနဲ့မကွေးအသင်းလို့ဆိုကြပါစို့။

မကွေးဘောလုံးအသင်း ဆိုတဲ့ဘောလုံးအသင်း စပြီးဖြစ်လာ

ကတည်းက နည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နာမည်ကြီးနည်းပြဦးကြည်လွင်ကတော့ ဒီနှစ်မှာ အသင်းမန်နေဂျာအဖြစ် တာဝန်ယူပေးမှာပါ။မကွေးအသင်း

ရဲ့နည်းပြအဖွဲ့မှာဦးကြည်လွင်၊ဦးအောင်ဇော်မျိုး၊ဦးဇော်ဝင်းထွန်းတို့ဟာမကွေးအသင်းမှာနည်းပြအဖွဲ့ဝင်

တွေအဖြစ်တာဝန်ထမ်းဆောင်သွားမှာပါ။မနှစ်ကဗိုလ်ချုပ်အောင်ဆန်းဒိုင်းကိုလက်လွတ်ခဲ့ရသလို

အမှတ်ပေးဇယားရပ်တည်မှုမှာလည်းစိတ်ကျေနပ်စရာ

ရပ်တည်မှုမဟုတ်ခဲ့ပါဘူး။ဒီနှစ်မှာရောပြောင်းလဲမှုများ

စွာနဲ့မကွေးဘယ်လိုခရီးဆက်သွားမလဲဆိုတာတော့..

Source-MGW UTD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။