ချာရတီဖလားပြိုင်ပွဲဟာဒီနေ့ညနေသုံးနာရီခွဲမှာအောင်ဆန်းကွင်းမှာကျင်းပမှာပါ။ချာရတီဖလားပြိုင်ပွဲဟာနေရှင်နယ်လိဂ်

ချန်ပီယံအသင်းနဲ့ဗိုလ်ချုပ်အောင်းဆန်းဒိုင်းချန်ပီယံအသင်းတို့

နှစ်စဉ်ယှဉ်ပြိုင်ကစားကြတဲ့ပြိုင်ပွဲတစ်ခုပါ။ဒါပေမယ့်ဒီနှစ်ဘောလုံးရာသီမှာရှမ်းယူနိုက်တက််အသင်းက

အမှတ်ပေးဖလားရောဗိုလ်ချုပ်ဒိုင်းကိုပါထပ်ဆင့်ရရှိခဲ့တာ

ကြောင့်ဗိုလ်ချုပ်ဒိုင်းမှာဒုတိယရခဲ့တဲ့ရန်ကုန်ကဝင်ရောက်

ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။နေရှင်နယ်လိဂ်အင်အားကြီးနှစ်သင်းရဲ့

ရာသီကြိုအားစမ်းပွဲပေါ့။

ချာရတီဖလားဟာရန်ကုန်နဲ့ရှမ်းတို့ရဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်

မှုတွေနဲ့စိတ်လှုပ်ရှားမှုကောင်းနေတာတော့အမှန်ပါ။

ရန်ကုန်အသင်းအနေနဲ့မြန်မာနေရှင်နယ်လိဂ်အမှတ်ပေး

ဖလားပြိုင်ပွဲမှာရောဗိုလ်ချုပ်ဒိုင်းမှာပါရှမ်းကိုအရှုံးပေးခဲ့

ရတာကြောင့်ချာရတီဖလားကိုအရယူပြီးရှမ်းကိုရှံုးကြွေး

ပြန်ဆပ်ဖို့ကြိုးစားလာမှာပါ။ရန်ကုန်အနေနဲ့ချာရတီဖလားအတွက်တစ်လကျော်ပြင်ဆင်ထားပြီးဒီဖလားကိုမဖြစ်မနေအရယူသွားမယ်လို့ပြောပါတယ်။

ရှမ်းယူနိုက်တက်ကစားသမားဒွေးကိုကိုချစ်ကလည်းရန်ကုန်

ကိုထပ်မံအနိုင်ယူသွားမယ်လို့ကြံုးဝါးခဲ့ပါတယ်။

ရှမ်းဟာနောက်ဆုံးတွေ့ဆုံမှုအရရန်ကုန်ကိုဗိုလ်ချုပ်ဒိုင်းဖိုင်နယ်

မှာအနိုင်ယူထားခဲ့ပါတယ်။ဒါပေမယ့်ရန်ကုန်ဟာရှမ်းကိုရှုံးတဲ့

ပွဲအပြီးကတည်းကစပြီးအသင်းကိုပြောင်းလဲမှုတွေပြုလုပ်

ထားပါတယ်။ဆယ်လာ၊အီမန်နူရယ်တို့လိုနေရှင်နယ်လိဂ်ဝါရင့်

နိုင်ငံခြားသားပလေယာတွေခေါ်ထားသလိုမောင်မောင်လွင်

တို့လိုထိပ်သီးကစားသမားတွေခေါ်ထားပါတယ်။ဒါပေမယ့်

ရှမ်းအသင်းကလည်းပက်ထရစ်၊ဝီလျံတို့ကိုခေါ်ယူမှုတွေနဲ့

ပြင်ဆင်မှုပိုင်းမှာတော့ရန်ကုန်ထက်မလျော့ပါဘူး။

ရန်ကုန်ပဲရှံုးကြွေးဆပ်မလားရှမ်းပဲထပ်ပြီးအနိုင်ယူသွားမလား

ဆိုတာတော့..

Source -Charity Cup

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။