ဘာစီလိုနာအသင်းဟာ လီဗာပူလ်းအသင်းရဲ့ ကစားသမားကော်တင်ဟိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီလည်းဖြစ်ပါတယ်ဘာစီလိုနာအသင်းဟာ ရာသီမစခင် နေမာ ထွက်ခွာခဲ့တဲ့အချိန်မှာကတည်းက ကော်တင်ဟိုကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းက ကော်တင်ဟိုအတွက် ကမ်းလှမ်းမှုကို ပယ်ချခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ ကြန့်ကြာနေရတာလည်းဖြစ်ပါတယ်။

ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာတော့ ကော်တင်ဟို ကို ခေါ်ယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ယူရို သန်း ၁၆၀ အသုံးပြုခဲ့ရတာလည်းဖြစ်ပါတယ်။စာချူပ်သက်တမ်း ၅ နှစ်ခွဲချူပ် ဆိုပြီး ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ကော်တင်ဟို ရဲ့ စာချူပ် ဖျက်သိမ်းခွင့် လျော်ကြေးကတော့ ယူရို သန်း ၄၀၀ ပေးချေရမှာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှာတော့ ဆွာရက်၊ မက်ဆီ၊ ကော်တင်ဟို၊ ဒမ်ဘီလီ တို့ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းမှာ ကော်တင်ဟို အမြန်ဆုံးအခြေကျပြီး ခြေစွမ်းတွေပြသနိုင်မှာလားဆိုတာတော့ စောင့်ကြည့်သွားရမယ်ဗျာ။လီဗာပူလ်းအသင်းကတော့ ကော်တင်ဟို နေရာမှာ အစားထိုးဖို့ အပြောင်းအရွှေ့မှာ ဘယ်ကစားသမားကိုဝယ်ယူသွားမှာလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။

Source- goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။