လီဗာပူလ်းအသင်းရဲ့ ကြယ်ပွင့်ကစားသမား ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းက ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ခေါ်ယူရန် ကနဦးအစက ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပေမဲ့ လီဗာပူလ်းအသင်းက ပယ်ချခဲ့တာလည်းဖြစ်ပါတယ်။ကော်တင်ဟို ကိုယ်တိုင်က ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လိုနေတာကြောင့် ယခုတကြိမ်မှာတော့ လက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ဘာစီလိုနာကို ပြောင်းရွှေ့သွားတဲ့ ကော်တင်ဟိုကို လီဗာပူလ်းပရိသတ် တချို့က နားလည်ပေးခဲ့ပေမဲ့ တချို့တဝက်ကတော့ ဒေါသဖြစ်နေကြတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တဲ့ ကော်တင်ဟို ကို မကျေနပ်တဲ့ ပရိသတ်တွေကတော့ လီဗာပူလ်းအသင်းမှာ ဝတ်ဆင်ခဲ့တဲ့ ကျော်နံပါတ် ၁၀ ပါ အကျႌကို မီးရှို့ဖျက်စီးခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူလ်းပရိသတ်တစ်ဦးကတော့ ကော်တင်ဟို နာမည်ပါ အကျႌတစ်ထည်ကို မြေပေါ်မှာချပြီး ဓာတ်ဆီလောင်းမီးရှို့ခဲ့တာလည်းဖြစ်ပါတယ်။အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အသင်းကြယ်ပွင့်ကစားသမား ကော်တင်ဟို လီဗာပူလ်းပရိသတ်တွေက အသင်းမှာပဲ ဆက်လက်ရှိနေစေချင်တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ယူရို သန်း ၁၆၀ အသုံးပြုခဲ့ရတာလည်းဖြစ်ပါတယ်။စာချူပ်သက်တမ်း ၅ နှစ်ခွဲချူပ် ဆိုပြီး ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ကော်တင်ဟို ရဲ့ စာချူပ် ဖျက်သိမ်းခွင့် လျော်ကြေးကတော့ ယူရို သန်း ၄၀၀ ပေးချေရမှာလည်းဖြစ်ပါတယ်။

Source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။