Golden Moon ဆောက်လုပ်ရေးလုပ်ငန်းမှ ဦးတင်မောင်ညွန့် ဒေါ်တင်နွယ်အေးတို့ရဲ့သား မောင် ထက်ဦးလှိုင်နဲ့ အကယ်ဒမီ ဦးလွင်မိုးနဲ့ ဒေါ်မေသူတို့ရဲ့ သမီးကြီး မယွန်းဝတီလွင်မိုး တို့ရဲ့ မင်္ဂလာဆောင်ကတော့ မနေ့က ကျင်းပပြီးစီးခဲ့ပါပြီ ပရိသတ်ကြီးရေ။ အရမ်းကိုမှ လိုက်ဖက်လွန်းတဲ့ ထက်နဲ့ ခေး တို့ရဲ့ မင်္ဂလာပွဲကိုတော့ နှစ်ဖက်မိဘတွေက သဘောတူကြည်ဖြူစွာ ကျင်းပပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ပရိသတ်တွေသာမက အနုပညာရှင်အချို့ကပါ ယွန်းဝတီလွင်မိုးလေးကို နှမြောနေကြပေမဲ့ နှစ်ဖက်မိဘတွေကတော့ သားသမီးတွေအတွက် ပျော်ရွှင်လို့နေတာ တွေ့ရပါတယ်။ ဦးလွင်မိုးကလည်း ကောင်လေးတွေ မိသားစုဖက်နဲ့ ကောင်လေးရဲ့ သမီးအပေါ်သဘောထားတွေကြောင့် သဘောတူလက်ခံခဲ့တာဖြစ်တယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ မောင်ထက်ဦးလှိုင်ရဲ့မိခင် ဒေါ်တင်နွယ်အေးကလည်း ချွေးမလေး ယွန်းဝတီလွင်မိုးနဲ့ ပတ်သတ်လို့ သူမရဲ့ လူမှုစာမျက်နှာကတဆင့် ကျေးဇူးတင်စကားဆိုလို့ထားပါတယ်။

ယွန်ဝတီလွင်မိုးလေးကလည်း သူမရဲ့ Instagram မှာ သူမရဲ့ ပရိသတ်တွေ မိဘနှစ်ပါးနဲ့ ခင်ပွန်းဖြစ်သူတို့နဲ့ ပတ်သတ်ပြီး ကျေးဇူးတင်စကားဆိုထားပါတယ်။ သူ့ကို အခြေအနေအချိန်အခါမရွေး အားပေးချစ်ခင်သူတွေ နဲ့ အမြဲ အနားမှာ ရှိနေပေးတဲ့ ဖခင်နဲ့ မိခင်ကိုလည်း ကျေးဇူးတင်စကား ဆိုထားပါတယ်။ ဒါ့အပြင် ခင်ပွန်းသည်ကိုလည်း သူ့ကို အဆုံးအစမရှိချစ်ခင်မြတ်နိုးပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ရေးသားပြောဆိုခဲ့ပါသေးတယ် ပရိသတ်ကြီးရေ.....

Source: yunwlm

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။