အလုပ်ရှုပ်နေလို့ပဲဖြစ်ဖြစ်၊ သတိမထားမိလို့ပဲဖြစ်ဖြစ် အိမ်တွင်း သန့်ရှင်းရေး လုပ်ဖို့ကို မေ့နေ တတ်ကြပါတယ်။ ဒ့ါကြောင့် မလိုလားအပ်တဲ့ ပြသနာတွေဖြစ်ပြီး ဖြေရှင်းရတဲ့ အချိန်ကုန်၊ လူပင်ပန်းရုံသာမက ငွေကြေးလည်း အကုန်အကျ များလှပါတယ်။ ဒီလို မဖြစ်ရလေအောင် သတိထားပြီး တစ်လမှာ အနည်းဆုံး တစ်ကြိမ် သန့်ရှင်းရေး လုပ်ပေးသင့်တဲ့ အိမ်တွင်းသုံး ပစ္စည်းများကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) အဝတ် ဘီရို

အဝတ်အစားတွေကို လျှော်ဖွပ်၊ မီးပူတိုက်ပြီးမှ အဝတ်ဘီရိုထဲကို ထည့်သိမ်းတာကြောင့် အဝတ်အစား ၀တ်တဲ့အခါ ဒီအဝတ်ကို ဘယ်သူမှ သန့်ရှင်းရေး ထပ် မလုပ်တော့ပါဘူး။ ဒ့ါကြောင့် အဝတ်အစားတွေ ထည့်သိမ်းတဲ့ ဘီရိုက သန့်ရှင်း သပ်ရပ်နေဖို့ လိုအပ်ပါတယ်။ အဝတ်ဘီရို အတွင်း ဖုန်တက်နေခြင်း၊ ရေစိုနေခြင်း၊ ပိုးဟပ်၊ ဂျပိုး၊ ပုရွက်စိတ် .. စတဲ့ အကောင်လေးများ ၀င်နေခြင်း … တို့ ဖြစ်နိုင်တာကြောင့် အဝတ်အစားက တစ်ဆင့် မမျှော်လင့်ဘဲ အရေပြား ပြသနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

(၂) ရေခဲသေတ္တာ

ကျန်းမာရေးလို့ ဆိုလိုက်တာနဲ့ အဓိက ပါ၀င် ပတ်သက်မှုနှုန်း အများဆုံးက အစားအသောက်ပဲ ဖြစ်ပါတယ်။ ဒီလို အစားအသောက်တွေကို သိုလှောင်ထားတဲ့ ရေခဲသေတ္တာကလည်း သန့်ရှင်းပြီး အနံ့အသက် ကင်းနေဖို့ အရေးကြီးပါတယ်။ ရေခဲသေတ္တာထဲကို သားစိမ်းငါးစိမ်းများ ထည့်သိမ်းတဲ့အခါ သန့်ရှင်းဖို့ လိုအပ်ပါတယ်။ ရေခဲသေတ္တာ အထဲကို အနည်းဆုံး တစ်လတစ်ခါ ဆေးကြောဖို့ လိုအပ်သလို ရေခဲသေတ္တာ အနံ့ပျောက်ဆေး အသုံးပြုဖို့လည်း လိုအပ်ပါတယ်။

(၃) ခြေသုတ်ခုံ

ခြေသုတ်ခုံမှာ များစွာသော ဗက်တီးရီးယားပိုးတွေ ပေါက်ဖွားနိုင်တာကြောင့် ခြေဖဝါးမှာ အရေပြား ပြသနာများ ဖြစ်ပေါ်နိုင်ပါတယ်။ ဒ့ါကြောင့် ခြေသုတ်ခုံကို တစ်လ တစ်ခါ လဲပေးခြင်း၊ လျှော်ဖွပ်ပေးခြင်းတို့ကို မဖြစ်မနေ လုပ်ပေးသင့်ပါတယ်။

(၄) အလှပြင် Brush များ

ပါးနီ လိမ်းခြယ်တဲ့ brush ၊ နှုတ်ခမ်းနီ ဆိုးတဲ့ brush ၊ မျက်ခွံ/ မျက်ခုံးဆွဲတဲ့ brush ၊ eye shadow အသုံးပြုတဲ့ brush စတဲ့ brush များ အားလုံးအပြင် အခြားသော အလှပြင်ရာတွင် အသုံးပြုတဲ့ အလှပြင် ပစ္စည်းများကိုပါ အနည်းဆုံး တစ်လ တစ်ခါ သန့်ရှင်းရေး လုပ်ပေးခြင်း၊ လျှော်ဖွပ်ပေးခြင်း၊ လဲလှယ် ပေးခြင်းတို့ ပြုလုပ်သင့်ပါတယ်။

ပြတင်းပေါက်တွေ အားလုံးပိတ်ထားသော်လည်း ဖုန်ကတော့ ဘယ်ကနေမှန်း မသိ ရောက်လာတတ်တဲ့ အရာ တစ်မျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိ ဖုန်က တစ်ဆင့် ရရှိနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးများလည်း ရှိတာကြောင့် သတိထားကြဖို့ အကြံပေးချင်ပါတယ်။

ဖော်ပြပါ ဗဟုသုတများကို သူငယ်ချင်း၊ မိတ်ဆွေများကိုလည်း မျှဝေပေးလိုက်ပါဦးနော်။ အားလုံးပဲ သာယာလှပသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 

Own Creation @ Tina

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။