နံနံပင်ဆို တို့စရာရော ဟင်ချက်တာတွေမှာပါ မပါမဖြစ်ပေါ့ ။အထူးသဖြင့် အသုပ်စုံကြိုက်ကြတဲ့ မြန်မာနိုင်ငံ မှာနံနံပင် ကိုထည့်စားလိုက်ရမှ ကျေနပ်ကြတယ်မလား။ အစားစားမျိုးစုံဟင်းမျိုးစုံ ထည့်စားကြတဲဲ့ သီးနှံတစ် မျိုးပါ။ကျန်းမာရေးအတွက်လည်း အကျိူးရှိပါတယ်နော်။ မြန်မာနိုင်ငံအပါဝင် အာရှဒေသတွေမှာ ပိုစားသုံး တာတွေရှိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗမာနံနံ ၊တရုတ်နံနံ ဆိုပြီး နှစ်မျိုးရှိပါတယ်။ဗမာနံနံကတော့အ ရွက်သေးပြီး ရိုးတံလည်းသေးငယ်ပါတယ်။ အနံစူရှာပြီး ၊တရုတ်နံနံ ကတော့ရောင်နည်းနည်းရင့်ပြီး ရိုးတံ နည်းနည်းကြီးနေပါတယ်။ တရုတ်နံနံကိုတော့ အကျော်အလော်တွေမှာသာသုံးတတ်ကြပါတယ်။

နံနံပင်ကို ဆောင်ရာသီမှာ အများဆုံးတွေနိုင်ပြီး အပူချိန် ၂၀ ဒီဂရီမှ ၃၀ ကြာတွင် ရှင်သန်ပေါက်ရောက်ပါတယ်။နှစ် တစ်နှစ်ရဲ့လလယ်လောက်မှာတော့ အများဆုံးစိုက်ပျိုးဖြစ်ထွန်းလည်းရှိပါတယ်။ လေဝင်လေထွက် ကောင်း တဲ့မြေအမျိုးအစားတွင် ပေါက်ရောက်လည့်ရှိပါတယ်။

ဥရောပနိုင်ငံတွေမှာတော့ ဟိုအရင်ကအသုံးပြုခဲ့ကြောင့်သိရှိရပါတယ်။ဗမာနံနံမှာတော့ အစေ့ကခြောက် သွားတဲ့အခါ ကွဲသွားလည့်ရှိပါတယ်။တရုတ်နံနံပင်နဲ့ မျိုးနွယ်တူဖြစ်တဲ့ ပါစလေနံနံပင်ဟာ ဆေးဝါးတစ်မျိုး လည်းဖြစ် ဟင်းခတ်အမွေးအကြိုင်နေနဲ့အသုံးပြုကြြ့ပီး မြန်မာနိုင်ငံမှာတော့ စိုက်ပျိုးဖြစ်ထွန်းခြင်း မရှိသေး ပါဘူး။

ပါစေလေမှာ ရွက်ပြားပါစေလေ၊ ရွက်တွန့်ပါစေလေဆိုပြီးနှစ်မျိုးရှိပါတယ်။နောက်တစ်မျိုးကတော့ ပထရိုစီလီယမ်ခရစ်စပန် အမည်ရှိအေပီရေးစီးအရွက်တစ်မျိုးဟာလည်း စွပ်ပြုတ် ဟင်းအနှစ်ချက်ရမှာ ထည့်ချက်လည်းရှိကြပါတယ်။ ဗမာနံနံလောက်တော့အနံမပြင်းပါဘူးနော်။ တရုတ်နံနံကိုတော့ အသားရည် လှပရေးအတွက်လည်း အဓိကစားသုံးကြပါတယ်။ ဝိတ်ချနေတဲ့သူတွေအတွက် အသုံးဝင်တဲ့သီးနှံတစ်မျိုး ဖြစ်ပါတယ်။အစိမ်းဖြစ်စေ၊ စွပ်ပြုတ်တွေမှာလည်း များစွာအသုံးပြုကြပါတယ်။ အအေးပိုင်ဒေသတွင် စိုက်ပျိုး ဖြစ်ထွန်းပါတယ်။ သံဓတ်ကြွယ်ဝတဲ့ တရုတ်နံနံကို ဝိတ်ချနေသူတွေအတွက် အဆီများလောင်ကျွမ်းအောင် ကူညီပေးတဲ့သီးနှံဖြစ်ပါတယ်။

ကဲအခုတော့ မိတ်ဆွေတို့စားသုံးနေတဲ့ နံနံပင်ဟာကျန်းမာရေးအတွက် အလှပရေးရာအတွက်သာမက ဝိတ်ချနေသူတွေပါစားသုံးသင့်တဲ့ သီးနှံတစ်ခုဖြစ်ပါတယ်။ အားလုံးပဲကျန်းမာရွင်လန်းကြပါစေနော်။

သတင်းအရင်းအမြစ် - ရွှေရည်လင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။