ဒီအလှူအဖွဲ့ဟာ အသက်ကြီးဝါကြီးတွေကို ထူးထူးခြားခြားအလှူပ်ပြုခဲ့တာကြောင့်လူမှုကွန်ယက်မှာ လှုအများရဲ့ဝေဖန်ခြင်းကိုခံခဲ့ရပါတယ်။ဒီအဖွဲအစည်းဟာ အလှူကို အစားအသောက်များ ပစ္စည်းများလှူပြီး အခေါင်းကိုပါ လှူခဲ့တာကြောင့် လူအများက အံ့သြခဲ့ကြပါတယ်။

ဒါဟာ ကမ္ဘောဒီယားနိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကမ္ဘာဒီးယားအစိုးရက စုံစမ်းတဲ့အခါမှာတော့ Vital Water Company ဟာ Wat Andout Borey အရပ်က အဖိုးအဖွား ၂၀၀ ကျော်ကို အလှူအတန်းပြုလုပ်ရင်း အခေါင်းတွေပါ ထည့်သွင်းလှူခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ဒီအလှူဟာ ကုမ္ပဏီသူဌေးကြီးရဲ့ ဇနီးသည်ကပြုလုပ်ခဲ့တာဖြစ်ပြီး သူဌေးကြီးကတော့ “ဒီနေ့ ကျွန်တော့်ရဲ့မွေးနေ့ဆိုတာကို ကျွန်တော်မေ့နေတယ်ဗျ။ မမေ့တဲ့သူတစ်ဦးကတော့ ကျွန်တော့မိန်းမပါ သူဟာ ကျွန်တော့်မွေးနေ့မှာ ကျွန်တော်ကြီးပြင်းခဲ့ရာ Wat Andout Borey က ချို့တဲ့နွမ်းပါးတဲ့ အဘိုးအဘွား ၂၄၀ ကို အစားအစာတွေနဲ့ အခေါင်းတွေလှူခဲ့ပါတယ်။

အခေါင်းလှူတာကတော့ ထူးဆန်းပေမယ့် ကျွန်တော်တို့ဟာ တစ်နေ့နေ့တချိန်ချိန်မှာသေကြမှာပဲလေ။ ဒီလိုသေကြတဲ့အခါမှာ အခေါင်းမဝယ်နိုင်မှာ မပူရတော့ဘူးပေါ့။

ဘာပဲဖြစ်ဖြစ် ထူးဆန်းတဲ့လက်ဆောင်ပေးတဲ့ ကျွန်တော့မိန်းမကို ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။

Source - RFA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။