နာမည်ကျော်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ် နေခြည်ဦးတစ်ယောက် မကွေးမြို့ကိုရောက်ရှိနေ တာဖြစ်ပြီး လှပတဲ့သူမရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေထံ ပြန်လည်ဝေမျှခဲ့ပါတယ်။ ချစ်စရာ ကောင်းလွန်းတဲ့ သူမကို ဝန်းရံသူပရိတ်သတ်တွေဟာ တစ်နေ့တခြားပိုမိုများပြားလာတာကို လည်းတွေ့ရပါတယ်။ သူမဟာ မိတ်ကပ်အနုပညာရှင်တင်မကပဲ Photo Model အပြင် ကြော်ငြာလေးတွေလည်း ရိုက်ကူးနေတာကိုတွေ့ရပါတယ်။ အနုပညာလုပ်ငန်းကို သူမက စိတ်ပါဝင်စားတဲ့အတွက် လုပ်ဖြစ်တာပါလို့ဆိုပါတယ်။ သိပ်မကြာခင်မှာပဲ သူမဟာ ရုပ်ရှင် ဇာတ်ကားကြီးကို ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။

သူမဟာ အောင်မြင်တဲ့မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်တာကြောင့် Make Me Beautiful အစီအစဉ်မှာ အကဲဖြတ်ဒိုင်လူကြီးအဖြစ် ပါဝင်အကဲဖြတ်ပေးနေသူလည်းဖြစ်ပါတယ်။ အောင်မြင်မှုတွေတပွေ့တပိုက်နဲ့ သူမကို လက်ခံအားပေးချစ်ခင်တဲ့ပရိတ်သတ်တွေကလည်း မနည်းမနောပါပဲ။ သူမက လက်ရှိမှာတော့မကွေးမြို့ကိုရောက်ရှိနေပြီး မြန်မာဆန်ဆန် လှပနေတဲ့ သူမရဲ့ချစ်စဖွယ် အစိမ်းရောင်ဖက်ရှင်လေးကလည်း ကြွားကြွားဝင့်ဝင့်ရှိလှပါ တယ်။

ချီချီလို့ သူမရဲ့ပရိတ်သတ်တွေက ချစ်စနိုးခေါ်တတ်တဲ့ နေခြည်ဦးတစ်ယောက် မကွေးမြို့မှာ အပျော်ကြီးပျော်နေပုံပါပဲ။ သူမဟာ ဘယ်လိုရှုထောင့်ကပဲ ဓာတ်ပုံရိုက်ရိုက် အမြဲတမ်း ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေပဲပေါ်ထွက်လာတာမို့ အားကျမိပါတယ် ပရိတ်သတ်ကြီးရေ။ နေခြည်ဦးနဲ့ မကွေးမြို့ရဲ့အလှအပကို ယှဉ်တွဲဖော်ပြထားတဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေ ကို ဖော်ပြပေးလိုက်ပြီနော်။

Photo – Aung Htay Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။