ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာရှိတာကြောင့် မတူညီတဲ့ခန္တာကိုယ်ပေါင်းများစွာ လည်းရှိကြပါတယ်။ ခန္တာကိုယ်လှလွန်းတဲ့ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေရဲ့ အမြင်မှာ အမြဲတမ်းအမှတ်ပိုသာနေ တတ်ပါတယ်။ ပိန်လွန်းတဲ့မိန်းကလေး၊ ဝလွန်းတဲ့ မိန်းကလေး၊ အနေတော်မိန်းကလေး၊ လှလွန်းတဲ့မိန်းကလေး စတဲ့ အမျိုးမျိုးသောအရောင် အသွေးအစုံအလင်တွေကြားမှာ တကယ်တမ်း ချစ်စရာကောင်းတာကတော့ ပြည့်ပြည့် ဖောင်းဖောင်း လဝန်းကြီးလို မိန်းကလေးတွေပါပဲ။ တကယ်ပြောတာ မယုံမရှိနဲ့နော်။ ဝတဲ့သူ တွေက အားလုံးထက်ပိုပြီးချစ်ဖို့ကောင်းတယ်။ ဖက်တီးလေးတွေရဲ့ ပုံသဏ္ဍာန်ဟာ ဖက်ချင် စရာ ကိုက်ချင်စရာ အသည်းယားချင်စဖွယ်လေးတွေချည်းပါပဲ။

အလှတွေဆိုတာ တစ်ချိန်မှာယိုယွင်းသွားမှာဖြစ်ပေမယ့် အမြဲတမ်းမပြောင်းလဲတာက တော့ ဝတုတ်လေးတွေရဲ့ ချစ်စရာကောင်းမှုလေးတွေပါပဲ။ ချစ်စရာကောင်းတဲ့မိန်းကလေး ဖြစ်ဖို့ဆိုတာ ကိတ်ဖို့ထက်ပြည့်ဖို့လိုတယ်။ အကိတ်ဆိုတာ မိုက်ပေမယ့် ပြည့်ပြည့်ဖောင်း ဖောင်းလေးရဲ့ ချစ်စရာကောင်းမှုကိုမမှီပါဘူး။ လှတာကချက်စားလို့မရပေမယ့် ဝတာက တော့ ကြိုက်သလိုဖက်ထားလို့ရပါတယ်။ ဒါကြောင့်ဖက်တီးလေးတွေကိုချစ်ပါ။ ကိုယ့်ချစ်သူက အရမ်းလှနေရင် ကိုယ်ကစိတ်မချဖြစ်ပြီး သောကများနေရမှာပါ။ ဖက်တီးမလေး တစ်ယောက်ကို ချစ်ကြည့်ပါ။ သူမရဲ့အပြုအမူလေးတွေက သင့်ကိုအမြဲတမ်း အသည်းယားချင် စဖွယ် ဖြစ်နေမှာပါ။

ရင်ခွင်ထဲကို ထည့်ထားလို့ထည့်ထားမှန်းတောင်မသိသာတဲ့ ခပ်ပိန်ပိန်လေးတွေအစား အပြည့်အ၀ ဖက်လို့ရတဲ့ ဖက်တီးလေးတွေကိုချစ်ကြည့်ပါ။ သင့်ရင်ခွင်ထဲက လမင်းကြီးက သင့်ကိုခပ်ပြုံးပြုံးလေး မော့ကြည့်နေတဲ့အချိန် ရင်ထဲမှာဖော်မပြနိုင်လောက်အောင် ကြည်နူးရ ပါလိမ့်မယ်။ ဒါကြောင့် ဖက်တီး လေးတွေကိုချစ်ပါ။ ဖက်တီးလေးတွေက သင့်ကိုသစ္စာဖော က်မှာလဲမပူရပါဘူး။ ဖက်တီးလေးတွေက လူတင်ပြည့်တာမဟုတ်ပါဘူး အချစ်တွေရော သစ္စာတွေပါပြည့်နေတာပါ။ သင့်အနီးပတ်ဝန်းကျင်မှာ ချစ်စရာကောင်းတဲ့ ဖက်တီးမလေး တွေရှိလား။ ရှိတယ်ဆိုရင်တော့ အခွင့်ရေးကိုလက်လွှတ်မခံပဲ အမြန်ဆုံးသာ ချစ်လိုက် တော့နော်။ ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးက ဖက်တီးလေးတွေပါပဲ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။