ပရိသတ်အချစ်တော် ဖေ့ဘုတ်ဆယ်လီတွေဖြစ်နေတဲ့ ခေတ် နဲ့ သစ် ဆိုရင်တော့ မသိတဲ့သူကခပ်ရှားရှားမို့ မိဘတွေထက်တောင် ပိုပြီးလူချစ်လူခင်များသူလေးတွေလို့ ဆိုရမှာပါပဲ။

အဆိုတော် ချစ်သုဝေ နဲ့ လင်းလင်းတို့ရဲ့ အမွှာသမီးလေးနှစ်ယောက် ဟာ အနုပညာရှင်အသိုင်းဝိုင်းနဲ့ ပရိသတ်တွေကပါ သဲသဲလှုပ်ချစ်ခင်နေရတဲ့ ကလေးတွေဖြစ်ပါတယ်။

လက်တလောမှာတော့ နတ်သမီးလေးတွေလားမှားလောက်အောင် ချစ်သုဝေတို့ သားအမိနှစ်ယောက်ကို ဂါ၀န်ဆင်တူလေးတွေ ဖန်တီးချုပ်လုပ်ပေးသူကတော့ ဘယ်သူများလဲလို့ သိချင်ကြမှာပါ။ 

ထရီဇာတို့ သားအမိသုံးယောက်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေက လူပြောများလျက်ရှိနေတာမို့ အဲ့ဒီ ၀တ်စုံလှလှချုပ်ပေးတဲ့ ဒီဇိုင်နာကိုလည်း ပရိသတ်တွေက ချီးကျုးစကားဆိုကြပါတယ်။

နာမည်ကြီးဒီဇိုင်နာ မပုံ့က ဒီဝတ်စုံလေးတွေကို ဖန်တီးချုပ်လုပ်ပေးထားတာဖြစ်တယ်လို့ ချစ်သုဝေရဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုက မျှဝေထားတာတွေ့ရပါတယ်။ ဒီဇိုင်နာမပုံ့ကိုယ်တိုင်ကလည်း သူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ထရီဇာရယ် ခေတ် နဲ့ သစ် အတူတူဓာတ်ပုံတွဲရိုက်ထားတဲ့ ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။

နိုင်ငံကျော်အဆိုတော် ချစ်သုဝေနဲ့ လင်းလင်း တို့စုံတွဲ ဟာ ဘာသာမတူကြပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုကိုယ်စီနဲ့ အိမ်ထောင်တစ်ခုကိုတည်ဆောက်နေသူတွေဖြစ်လို့ အများလေးစားအားကျရတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်ပါတယ်။ အလုပ်တွေလည်းကြိုးစားနေသလို မိသားစုဘဝလေးကို မလစ်ဟင်းအောင် အချိန်ပေးဖြတ်သန်းနေတဲ့ စံပြစုံတွဲ အဖြစ်လည်း သူတို့ကို ချစ်ခင်ကြပါတယ်။

ပရိသတ်တွေလည်း ချစ်သုဝေတို့ သားအမိလေးရဲ့ ချစ်ဖွယ်ပုံလေးတွေကိုမြင်ပြီး စိတ်ကြည်နူးမှုရရှိမယ်လို့ ထင်ပါတယ်။  

Source : Designer Mapont 

Photo- Wellness

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။