လူတိုင်းက သူတို့ရဲ့ အနေအထိုင်၊ အပြုအမူ၊ အစားအသောက်ပေါ် မူတည်ပြီး ကျန်းမာရေးရော နုပျိုလန်းဆန်းမှုပါ ပြောင်းလဲ သွားတတ်ကြပါတယ်။ ဒါ့ကြောင့် ဘယ်လို အပြုအမူတွေက အမြန်ဆုံး အိုမင်းရင့်ရော်စေလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအချက်တွေကို သိပြီဆိုရင်တော့ မဖြစ်မနေ ရှောင်ကြဉ်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ 

(၁) အချိုဓာတ် စားသုံးမှုများခြင်း

ဗိုက် အရမ်းဆာတဲ့ အခါဖြစ်ဖြစ်၊ အဆာပြေစာဖြစ်ဖြစ်၊ အချိုကို ကြိုက်လွန်းလို့ပဲ ဖြစ်ဖြစ် အချိုဓာတ် ပါ၀င်မှုများတဲ့ အစားအစာတွေကို စားသုံးမိတတ်ကြပါတယ်။ သို့သော် မကြာခဏ စားသုံးလာတဲ့အခါ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် အိုမင်းရင့်ရော်မှုကိုလည်း မြန်ဆန်စေပါတယ်။ အချိုဓာတ်ကြောင့် ဆီးချို၊ နှလုံးရောဂါနဲ့ ကင်ဆာ ဖြစ်နိုင်ခြေတို့ကိုလည်း တွန်းအားပေးရာ ရောက်ပါတယ်။ ဒ့ါအပြင် အသားအရေတွေ ပွလာပြီး အရေးအကြောင်းတွေ ပိုဖြစ်စေပါတယ်။

(၂) ညအိပ်ချိန် မလုံလောက်ခြင်း

အရွယ်ရောက်ပြီးတဲ့သူတွေက တစ်နေ့ကို ရ နာရီကနေ ၉ နာရီကြား နှစ်ခြိုက်စွာ အိပ်သင့်ပါတယ်။ ညအိပ်ချိန် မလုံလောက်ခြင်း (အိပ်ရေး မဝခြင်း) က စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ အများကြီး ဖြစ်စေပါတယ်။ ညတစ်ညလောက် ကောင်းကောင်း မအိပ်ရင် မျက်ကွင်းညိုတာ၊ အသားအရေ မညီတာ၊ အသားအရေ ခြောက်တာတွေ ဖြစ်စေနိုင်ပါတယ်။

(၃) စိတ်ဖိစီးမှုများကို လျှော့ချပါ။

စိတ်ဖိစီးမှုတွေကို မမြင်ရနိုင်ပေမဲ့ စိတ်ပျို ကိုယ်နု ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒီစကားက တကယ်ပဲ မှန်ကန်ပါတယ်။ စိတ်ဖိစီးမှုတွေ မများဘဲ စိတ်ထဲမှာ လန်းဆန်းနေတဲ့အခါ အရွယ်တင် နုပျိုနေမှာပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချလိုက်ခြင်းက အရေးအကြောင်းတွေကို သဘာဝအတိုင်း လျှော့ချနိုင်တဲ့ နည်းလမ်းကောင်းပဲ ဖြစ်ပါတယ်။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းဖြင့်လည်း စိတ်ဖိစီးမှုများကို လျှော့ချနိုင်ပါတယ်။

(၄) ဆေးလိပ် ဖြတ်ပါ။

ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းနှင့် အရက်သောက်ခြင်းကြောင့်လည်း ဟော်မုန်း အပြောင်းအလဲများ ဖြစ်စေနိုင်တဲ့အပြင် အရေးအကြောင်းတွေကို အလွယ်တကူ ဖြစ်စေနိုင်ပါတယ်။ ဒ့ါကြောင့် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းနှင့် အရက်သောက်ခြင်း တို့ကို ဖြတ်လိုက်ပါ။ 

(၅) ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါ။

လူဆိုတာက ကိုယ် ၀ါသနာပါတဲ့ အလုပ်၊ ကိုယ် လုပ်ချင်တဲ့ အလုပ်ကို လုပ်ရတဲ့ အခါ ပျော်ရွှင်ကြပါတယ်။ ကိုယ် လုပ်ချင်တဲ့ အလုပ်က လုပ်သင့်တဲ့ အလုပ် ဖြစ်လို့လည်း အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေကို မေ့ထားပြီး ပျော်ပျော်နေခြင်းကလည်း အိုမင်းရင့်ရော်မှုက ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ် ကျန်းမာနဲ့ အမြဲ လှနေမယ် ဆိုတာ အသေအချာပါပဲ။

ဗဟုသုတ ရရှိစေဖို့ ဒီအချက်လေးတွေကို သူငယ်ချင်းတွေထံကိုလည်း မျှဝေပေးလိုက်ပါဦးနော်။

သာယာပျော်ရွှင်သော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

Own Creation @ Tina

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။