အသံရှတတလေးနဲ့ ပရိတ်သတ်တွေရင်ထဲ ဖမ်းစားနိုင်ခဲ့တဲ့ Cuttieဆန်ဆန် ချစ်စရာအဆိုတော်မလေး Marryလေးကတော့ မြန်မာနိုင်ငံမှာမွေးဖွားခဲ့ပေမယ့် ငယ်စဉ်ကတည်းကနေ ဂျပန်နိုင်ငံသို့ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ မကြာသေးမှီအချိန်ကတော့ မေရီတစ်ယောက်ဟာ မွေးရပ်မြေမြန်မာနိုင်ငံသို့လာရောက်ပြီး အနုပညာလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ထူးခြားတဲ့အသံလေးနဲ့ ချစ်စရာသီဆိုဟန်လေးတွေကြောင့် အားပေးမှုအမြှောက်အများ ရရှိထားပါတယ်။

သူမဟာ “Mask”ဆိုတဲ့အမည်ရှိတဲ့ ကိုယ်ပိုင်တေးစီးရီးတစ်ခွေထွက်ရှိထားပြီး တစ်ခြားသောနာမည်ကြီးအဆိုရှင်များနှင့်လည်း သီချင်းတွေတွဲဖက်သီဆိုထားပါတယ်။ သူမဟာ ဂျပန်နိုင်ငံမှာ ပညာသင်ကြာနေတဲ့ မြန်မာနိုင်ငံသူတစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာငယ်စဉ်ကတည်းက ဂျပန်နိုင်ငံမှာကြီးပြင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မွေးရပ်မြေ မြန်မာနိုင်ငံမှာဘဲ အခြေချနေထိုင်တော့မှာဖြစ်ပါတယ်။ သူမဟာ ပူတဲ့ရာသီဥတုကိုသဘောကျပါတယ်တဲ့။ ခြင်ကိုက်တာတစ်ခုကတော့ သူမနဲ့အဆင်မပြေဘူးလို့လည်း သိရပါတယ်။

ပရိတ်သတ်တွေနဲ့ဝေးနေသလိုခံစားရတဲ့အတွက် ပရိတ်သတ်တွေအနီးလာရောက်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်မယ့် ချစ်စရာအဆိုတော်မလေးမေရီလေးကို မေရီချစ်ပရိတ်သတ်တွေ အရင်ကထက်ပို ပိုချစ်ပေးကြပါနော်။ မေရီတစ်ယောက်လည်း ချစ်ပရိတ်သတ်တွေနားဆင်ဖို့ သီချင်းသစ်တွေအများကြီးဖန်တီးသီဆိုပေးပါအုံးနော်။

Source-Myanmar celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။