ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည်ပိုင်း အချိန် သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တွင် ဝက်များကို တရားမဝင်တင် ဆောင်သော မော်တော်ယာဉ်များ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ထပ်မံ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင် ဝက်များ တင်ဆောင်လာသော ယာဉ်စုစုပေါင်းမှာ (၁၂) စီးဖြစ်တယ်လို့ မွန်ပြည်နယ် မွေမြူးရေး လုပ်ငန်းအဖွဲ့ ချုပ်မှ သတင်းထုတ်ထားတာပဲဖြစ်ပါတယ်။ အဆိုပါနေ့ နံနက် ၄ နာရီကလည်း သထုံမြို့နယ်၊ ကျိုက်ကော်မြို့တွင် ထိုင်းနိုင်ငံမှ ဝက် ၈၅ ကောင် တင်ဆောင်သော မော်တော်ယာဉ် တစီးကိုဖမ်းဆီး ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ယာဉ်ကို သထုံခရိုင် မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါက်တာမက်အောင်က တရားဆွဲခဲ့တာဖြစ်ကြောင်း မွန်ပြည်နယ် မွေမြူးရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးညိုမင်းက ပြောပါတယ်။ ပေါင်မြို့နယ်၊ မုတ္တမနယ်မြေရဲစခန်းအပိုင်ရှိ ကျေးရွာများတွငလည်း ဝက်များတင်ဆောင်ထားသော မော်တော် ယာဉ် ရှစ်စီးနှင့် ကျုံကကျေးရွာတွင် ဝက်များချ၍ ထွက်ပြေးခဲ့တဲ့ မော်တော်ယာဉ် သုံးစီးကို ဖမ်းစီးရမိပြီး ဝက်အရှင် ၃၄၉ နှင့် ဝက်အသေ ၈၃ ကောင် ပါဝင်ကြောင်း မုတ္တမနယ်မြေရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

၎င်းမော်တော်ယာဉ် ယာဉ်မောင်းများကိုတော့ မုတ္တမနယ်မြေရဲစခန်း ခေတ္တထိန်းသိမ်း ထားတယ်လို့ မုတ္တမနယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။ ဖမ်းဆီးရမိသော ဝက်များကို ပေါင်မြို့နယ် မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနသို့ လွှဲပြောင်းပေးလိုက်ပြီး ယာဉ်မောင်းများကိုတော့ ပေါင်မြို့နယ် မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနမှ တရားဆွဲဆိုသွားမှာ ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။

အလားတူ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ၊ ၂၄ ရက်နေ့များတွင် အတ္တရံတံထားထိပ်နှင့် သံလွင်တံတား (မော်လမြိုင်) ထိပ်တွင် ဖမ်းဆီးရမိခဲ့တဲ့ ထိုင်းဘက်မှ တရာမဝင်တင်ဆောင်လာသော ဝက်များနှင့် ဝက်များတင်ဆောင်သော မော်တော်ယာဉ် သုံးစီးကို ပြည်သူပိုင်သိမ်းဆည်းကာ ဝက်များသယ်ယူလာသူ လေးဦးကို တော့ မော်လမြိုင်မြို့နယ်တရားရုံးမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က အမိန့်ချခဲ့တယ်လို့ ဦးညိုမင်းက ပြောပါတယ်။ ယင်းကဲ့သို့ ဝက်များကို တရားမဝင် တင်သွင်ခြင်းကြောင့် ကူးစက်ရောဂါများ ပါလာနိုင်ကြောင်း မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

သတင်းအရင်းအမြစ် - နေမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။