မြန်မာနိုင်ငံမှာတော့ ကွမ်းစျေးကွက်က တော်တော်လေးဖြစ်ထွန်းနေပါတယ်။ ကွမ်းမစားရရင်မနေနိုင် တဲ့ ကိုကို တွေ၊ တစ်ချို့မမတွေ ရှိပါတယ်။ ဟို..ဘုရင်လက်ထက်ကတည်းကနေ ကွမ်းစားခြင်းက ဆင်းသက်လာပါတယ်။ အဲခေတ်တုန်းကတော့ ကွမ်းရယ် ၊ကွမ်းသီး၊ ထုံး ဒါပဲပါတာပါ။ ခုခေတ်မှာတော့ အစုံပေါ့ ။မဟုတ်တာတွေရော ၊ဟုတ်တာတွေရော။ အဲကြောင့်ရောဂါတွေထူး ရောဂါဆန်းတွေဖြစ်နေတာ်ပေါ့နော်။ကွမ်းရွက်ရဲ့အသုံးဝင်ပုံတွေ အနက် တစ်ခုကတော့ ညအိပ်ခါနီးတိုင်းမျက်စီအစွန်းနှစ်ဖက်ကို ကပ်ပေးပါက မျက်စိမှုန်ခြင်းတို့ကင်းဝေးစေ နိုင်ပါတယ်နော်။ မကပ်ခင်မှာကွမ်းရွက်ကို သွားဖြင့်အနည်းငယ်ကိုက်ပေးပါ ။ပြီးတော့ မျက်လုံးတစ်ဝိုက်ကပ် ပေးခြင်းက မျက်စိအားနည်းခြင်းကိုလည်း ကောင်းမွန်စေပါတယ်။ နောက်တစ်နည်းကတော့ နားထင်၊ မျက်ခုံးရိုး တွင်ကပ်ပေးပါကလည်း ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်းတို့ကို်သက်သာစေနိုင်ပါတယ်။ ကွမ်းရွက်ရည်ကို ဆားအနည်းငယ်နဲ့ မျက်စဉ်းခပ်ပေးပါကလည်း မျက်စိနာဝေဒနာကိုသက်သာစေနိုင်ပါတယ်။

ကလေးများအတွက် ချောင်းဆိုးခြင်း၊ ရပ်ကျက်ခြင်း၊တို့အတွက် ကွမ်းရွက်ကိုမီးကင်ပြီး ရင်ဘတ်၊ရင်ခေါင်းတွင် အအေးခံပြီးကပ်ပေပါ။ ချွဲသလိပ်ကပ်ခြင်းကိုသက်သာစေပါတယ်။ ကလေးထိပ်ကပ်နာအတွက် အုန်းဆီဖြင့် ကွမ်းရွက်မီကင်းကာ ထိပ်မှာကပ်ပေးပါကလည်း သက်သာစေနိုင်ပါတယ်။သတ္တူရည်နှင့် ကွမ်းရွက်ရည်ကို ဆတူရောစပ်ပြီးကလေးကို တိုက်ကျွေးပါကလည်း ချောင်းဆိုးခြင်း၊ အစာမကြေ၊လေနာတွေအတွက်အထူး သက်သာစေပါတယ် ။ချင်းပြုတ်ရည်နှင့် ဆားအနည်းငယ်ခပ်ကာ တိုက်ကျွေးပါကကလေးတွေအတွက် ကြက် ညှာချောင်းဆိုးကိုပျေက်ကင်းစေပါတယ်။ ကလေးတွေးဝမ်းချုပ်တဲ့အခါ နှမ်းဆီသုတ်လိမ်းပြီး ကွမ်းရိုး ကိုစအို အတွင်းထိုးပေးပါကသက်သာစေပါတယ်။ငါးဟင်းစားလို့ လက်မှာအညှီအဟောက်တွေကပ်တွဲနေရင် အနံအ သက်တွေ ုစွဲကပ်နေရင်လည်း ကွမ်းရွက်ကိုပွတ်ချေပေးပါက အနံဆိုးတွေပျေက်ပါတယ်။ ဒညင်းသီး၊ ဒူးရင်းသီး စားလို့ခံတွင်း အနံဆိုးခြင်းတွေကို ပျေက်ကင်းနိုင်ပါတယ်နော်။

ကွမ်းရွက်ကို ချင်း၊ထန်းလျက်ရောပြုတ််ပြီး ကျိုချက်သောက်ပေးပါက အအေးမိခြင်းကြောင့်ဖြစ်တတ်တဲ့ ဖျားနာ ခြင်းတွေတောင်ပျေက်ကင်းပါသတဲ့။ ကွမ်းရွက်ကိုပြုတ်ြ့ပီး ကျက်ခိုးနှင့် ဖျော်သောက်ပေးပါကအဖျားကြီးနေတာ ကိုလည်းပျေက်ကင်းပါတယ်။ ပြီးတော့ ကွမ်းရွက်ကိုပင်စိမ်းရွက် နှင့်ကြိတ်ပြီး ဆားမီးဖုတ်နှင့် သင့်တော်သလို ရေနွေးဖြင့်သောက်ပါကလည်း ပန်းနာရင်ကြပ်ရောဂါကို် သက်သာစေပါတယ်။အဆိုတော်တွေ အနေနဲ့ ကွမ်းရွက်ကို သတ္တုရည်နှင့်နွယ်ချိုမှုန့်၊ ဆားအနည်းငယ်ရောပြီးသောက်ပါက် ချောင်းဆိုးအသံဝင်ခြင်းတွေ အတွက်ယူပစ်သလိုပျေက်ကင်းနိုင်ပါတယ်။အဆစ်မြစ်ရောင်ခြင်းအတွက် ခတက်ရွက်ထောပန်နှင့်ဆတူရောစပ် ကာတစ်နေ့တစ်ကြိမ် တစ်ကြိမ်တစ်ဇွန်းသောက်ပေးပါက သက်သာစေနိုင်ပါတယ်။အားလုံးပဲကျန်းမာရွင်လန်း ကြပါစေနော်။

Source : စိုက်ပျိုးရေးဦးစီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။