နေရှင်နယ်လိဂ်မစတင်ခင်ရက်သတ္တပတ်အလိုမှာကျင်းပတဲ့

ချာရတီဒိုင်းဗိုလ်လုပွဲဟာပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေနဲ့

ပရိသတ်နှစ်ခြိုက်တဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ထိပ်သီးအသင်းကြီးနှစ်သင်းဖြစ်တဲ့ရှမ်း

နဲ့ရန်ကုန်တို့ဟာဒီနှစ်ရဲ့ပထမဆုံးဆုဖလားအတွက်ရေကုန်

ရေခန်းပြိုင်ဆိုင်ခဲ့ကြတယ်လို့ဆိုရမှာပါ။နှစ်သင်းစလုံးမှာ

အသစ်ခေါ်ယူထားတဲ့နိုင်ငံခြားသားကစားသမားတွေကို

ထည့်သွင်းအသုံးပြုခဲ့ကြတာကိုတွေ့ရပါတယ်။ရာသီကြို

ပြင်ဆင်မှုအကောင်းဆုံးနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုက

စိတ်လှုပ်ရှားစရာအတိဖြစ်ခဲ့ရပါတယ်။

ဘူးရှမ်းအသင်းကအသစ်ခေါ်ယူထားတဲ့တိုက်စစ်မှူးပက်ထရစ်

ခြေစွမ်းပြပြီးသွင်းဂိုးနှစ်ဂိုးရယူပေးခဲ့သလိုရန်ကုန်က

အသစ်ခေါ်ယူထားတဲ့တိုက်စစ်မှူးဆယ်လာကလည်း

သွင်းဂိုးနှစ်ဂိုးရယူကယရန်ကုန်ပရိသတ်ရဲ့လက်ခုပ်သံကိုရယူနိုင်ခဲ့ပါတယ်။ပထမပိုင်းခြေစွမ်းအရရှမ်းကသာတယ်လို့ပြောပြီး

ဒုတိယပိုင်းအရောက်မှာတော့ရန်ကုန်ကပိုမိုအသာရခဲ့ပါတယ်။

ပထမပိုင်းမှာရန်ကုန်ကအသစ်ခေါ်ထားတဲ့မောင်မောင်လွင်၊

ဆွမ်လမန်တို့ခြေစွမ်းမပြနိုင်တာကြောင့်ရန်ကုန်တိုက်စစ်ဟာ

သေ သလိုဖြစ်ခဲ့ရပါတယ်။ကျော်ကိုကိုမရှိတဲ့တိုက်စစ်ကိုဆယ်လာကဖြည့်နိုင်ပေမယ့်ဇော်မင်းထွန်း

မရှိတဲ့ခံစစ်ကိုတော့ပြည့်ဖြိုးဇော်ကလုံးဝမဖြည့်နိုင်ခဲ့ပါ။

ရှမ်းအသင်းရသွားတဲ့ဂိုးနှစ်ဂိုးလုံးပြည့်ဖြိုးဇော်အမှာမကင်း

ပါဘူး။ရန်ကုန်အသင်းလိုပဲရှမ်းအသင်းနောက်တန်းမှာလည်း

အားနည်းချက်တွေရှိခဲ့တာဖြစ်ပြီးside backsတွေဖြစ်တဲ့

ဝင်းမင်းထွတ်ရောဟိန်းသီဟဇော်ပါအမှားများခဲ့ပါတယ်။

ဒုတိယပိုင်းအီမန်နူရယ်ဝင်လာပြီးနောက်မှာရန်ကုန်

တိုက်စစ်ကစားပုံပိုကောင်းလာတာကိုတွေ့ရပြီးပွဲအပြီးမှာ

နှစ်ဂိုးစီသရေကျခဲ့ပါတယ်။ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာမှာတော့ပင်နယ်တီအဆုံးအဖြတ်ခံယူရာတွင် ရန်ကုန်အသင်းကကွင်းလယ်လူ ယာမာဆာကီမှ လွဲ၍ မွန်ကာလူး၊ အီမန်နျူရယ်၊ ဆယ်လာ၊ ငြိမ်းချမ်းအောင်တို့ရဲ့ကန်သွင်းမှု ဂိုးဝင်ခဲ့ပြီး ရှမ်းအသင်းမက စိုးမင်းဦး၊ ပက်ထရစ်တို့ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သော်ပေမယ့်ထိုက်ထိုက်အောင်၊ လီဟန်ကွတ်တို့ ပင်နယ်တီ လွဲချော်ခဲ့သဖြင့် ၆-၂ ဂိုးဖြင့် ရန်ကုန်အသင်းက အနိုင်ရရှိခဲ့ပြီးချာရတီဖလားယူကာရာသီ

အဖွင့်လှသွားခဲ့ပါတယ်။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။