လူတိုင်းအသက်ရှည်ကျန်းမာဖို့က အရေးကြီးတယ်မဟုတ်ပါလား။ အာရှမှတော့စိုက်ပျိုးဖြစ်ထွန်းတဲ့သီးနှံတစ်မျိုးဖြစ် ပါတယ်။ဆေးဖက်ဝင်တဲ့ သီးနှံတစ်မျိုးတစ်မျိုးဖြစ်တာကြောင့် ဒန့်သလွန်သီးကိုစားပေးသင့်ပါတယ်။ဓာတ်တိုးအာနိ သင်ပါဝင်မှု့ကြောင့် စွမ်းအားပြည့်ဝသောဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ ဟိုနှစ်ပေါင်းများစွာကတည်းက တိုင်းရင်းဆေးတိုင်းတွင် အသုံးပြုလာခဲ့ခြင်းဖြစ်ပါတယ်။ အသီးရော အရွက်ပါအသုံးဝင်တာကြောင့် လူတိိုင်းကြိုက်နှစ် သက်တဲ့ သီးနှံဖြစ်ပါတယ်။ အာရှမှာ ဆေးဖက်ဝင်အပင်အဖြစ် အသိမှတ်ပြုခြင်းခံထားရပါတယ်။ ဒန့်သလွန်အသီးနှင့် အရွက်ကို ဘာဖြစ်လို့စားသုံးသင့်သလဲဆိုတာက်ို အကြောင်းအရင်း(၇) ချက်နဲ့ တင်ပြရေးသားအပ်ပါတယ်။ ဒန့်သလွန်သီးနှင့်အရွက်တွေမှာ သတ္တုဓာတ်နှင့် ဗီတာမင်မျာစွားပါဝင်နေပါတယ်။ ဒန့်သလွန်းသီး ဟင်း(၁)ခွက်စာ ကသင်လိုအပ်တဲ့ ဗီတာမင်စီ ကို ၁၀၀ ကျော်ရာခိုင်နှုန်းအထိပေးစွမ်းနိုင်ပါတယ်။

ဒန့်သလွန်သီးတစ်ခွက်စာမှာ ပါဝင်တဲ့ ပမာဏက ဗီတာမင်ဘီ (၁၉)ရာခို်င်နှုန်း ၊ဗီတာမင်အေ (၉)ရာခိုင်နှုန်း၊ ပရိုတင်း (၂)ဂရမ်၊ ဗီတာမင်စီ(၁၂)ရာခို်င်နှုန်း၊ဗီတာမင်ဘီ (၁၁)ရာခိုင်နှုန်း၊သံဓာတ်(၁၁)ရာခိုင်နှုန်း၊ မက်ဂနီစီယမ်(၈)ရာခိုင် နှုန်း စတဲ့ဓာတ်သတ္တုတွေပါဝင်တာနော်။ဒန့်သလွန်သီးမှာ ကယ်လစီယမ်နှင့် သံဓာတ်ပါဝင်မှုကြောင့် အရိုးထိခိုက်မှု ကိုလျော့ပါးစေပြီး အရိုးများသန်မာစေပါတယ်။ဆယ်ကျော်သက်လူငယ်လေးတွေအတွက် တော့ကြံခိုင်မှုအားကောင်း ပြီး သက်လုံကောင်းစေမဲ့ဟင်းတစ်မျိုးပေါ့။ ဓာတ်တိုးအာနိသင််များပါဝင်မှုကြောင့် ကင်ဆာဆဲလ်ပြန့်ပွားမှုကိုဟန့်တား နိုင်စွမ်းရှိပါတယ်။ ခေါင်းကိုက်လွန်းတဲ့သူတွေအတွက် ဒန့်သလွန်အပင်မှအမြစ် ကိုဖျော်ရည်လုပ်ပြီး သကြားနှင့်သင့် တင့်ရုံမျှတစ်ငုံစာနည်းနည်းစီသောက်ပေးပါက သက်သာစေပါတယ်နော်။

မျက်စိနာဝေဒနာတွေအတွက်လည်း အသုံးဝင်တဲ့ ဆေးတစ်ခွက်ပါနော်။ အရွက်ကိုညက်အောက်ကြိတ်ပါ၊ြ့ပိးနောက်ရလာတဲ့ အနှစ်ရည်ကိုမျက်စိပေါ် သုတ်လိမ်းပေးပါက မျက်ခွံအတွင်းသားရောင်းရမ်းနာတွေကို ပျေက်ကင်းနိုင်ပါတယ်။ ပျားရည်နှင့်ပြုလုပ်ပြီး မျက်ခမ်း နှင့်မျက်ကြည်လွှာဝေဒနာသည်တွေအတွက် အသုံးပြုနိုင်ပါတယ်။

သွေးချို၊ဆီးချိုဝေဒနာသည်တွေအတွက်လည်း စားသုံးသင့်တဲ့ ဆေးတစ်ခွက်ဖြစ်ပါတယ်။အထူးပြုလုပ်ရန် အသီးနှင့် အရွက်ကို စားပေပါက သွေးကိုသန့်စင်စေပါတယ်။ ဟင်းချိုလုပ်ပြီးသောက်ပေးပါက ဝက်ခြံနှင့် အရေပြားဝေဒနာတွေ ကိုစင်ကြယ်ချောမွေ့စေပါတယ်။ အနာရောဂါကိုလည်း ပျေက်ကင်းနိုင်ပါတယ်။ဗီတာမင်ပါဝင်မှုကြောင့် အရွယ်တင်နု ပျိုစေပါတယ်။ ခံနိုင်ရည်အားကိုလည်းတိုးပွားစေပါတယ်။ ဒန့်သလွန်ပင်ဟာ အသီးရောအရွက်ပါ ဆေးဖက်ဝင်တာ မို့ လူတိုင်းစားပေးသင့်တဲ့ ဆေးတစ်ခွက်ဖြစ်ပါတယ်။ ကဲဒီလောက်ဆိုး မိတ်ဆွေတို့စားသုံးနေတဲ့ ဒန့်သလွန်သီးနှင့် အရွက်ဟာဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာသိရှိလောက်ပြီးမို့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါရစေနော်။ နောက်များမှာလည်း ခုလိုအစွမ်းထက်တဲ့ ဆေးလည်းအစာ အစာလည်းဆေးတွေဖြစ်ကြတဲ့ သီးနှံတွေကို ထပ်တင် ပြပေးသွားမှာဖြစ်ပါတယ်နော်။ အားလုံးပဲကျန်းမာရွင်လန်းကြပါစေ။

Soruce : royal thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။