သင်္ကြန်မင်းသားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဟဲလေးကို ပရိသတ်များအသိပဲဖြစ်မှာပါ။ ဟဲလေးကတော့ ဂီတလောကမှာ နာမည်ကြီးအဆိုတော်တစ်ဦး ဖြစ်သည့်အပြင် မိသားစုကိုလည်းပြည့်စုံမှုတွေပေးနိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ပျော်ရွှင်စရာမိသားစု ဘဝလေးနဲ့ ဂီတလောကမှာ ဆက်လက်ရပ်တည်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ 

မနေ့က ဟဲလေးတို့ ချစ်ဇနီးတို့ ထားဝယ်မြို့ မောင်းမကန် ကမ်းခြေမှာ ပျော်ရွှင်စွာ ဖြတ်သန်းနေကြောင်းကို ဖော်ပြခဲ့ပါတယ်။ ဟဲလေးကတော့ သူ့ရဲ့ လူမှုစာမျက်နှာမှာ ချစ်ဇနီးကိုချစ်ကြောင်း အမွှန်းတင်ရေါ်ဖွဲ့ထားပါတယ်။ ဟဲလေးရေးသားခဲ့တဲ့စာသားကတော့ " ချစ်တာမှ အရမ်း သူမပါရင်ကို...ဘယ်မှမသွားချင်တော့တာ ကိုယ့်ဘွရဲ့....အမှည့်ရီး " ဟူ၍ ချစ်ဇနီးရဲ့ ဓာတ်ပုံများနဲ့အတူ ပြသထားတာပဲဖြစ်ပါတယ်။

အဆိုတော် ဟဲလေးကတော့ ချစ်ပရိသတ်များအတွက် လက်တလော တေးသီချင်းတွေရေးသားနေပြီး ပြင်ဆင်မှုတွေလုပ်ဆောင်နေကြောင်း သိရပါတယ်။ ပရိသတ်ကြီးအတွက် ပျော်ရွှင်စရာ ဟဲလေးတို့ ဇနီးမောင်နှံအကြောင်းမိတ်ဆက်ရင်း မျှဝေပေးလိုက်ပါတယ်။

Source - Naing Lin Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။