ထိုင်းဘောလုံးလောကမှာမြန်မာဘောလုံးပြယုဂ်ဟာ

တိုက်စစ်မှူးအောင်သူပါ။မြန်မာ့ဘောလုံးသမားတွေထဲမှာထိုင်း

ပရီးမီးယားလိဂ်ကိုအစောဆုံးရောက်လာခဲ့တဲ့ပိုင်အိုနီးယား

ကစားသမားကအောင်သူပါ။အောင်သူဟာPolice Tero

အသင်းမှာလေ့ကျင့်ခန်းဆင်းနေရင်နှစ်သစ်ကူးအားလပ်ရက်မှာမြန်မာပြည်ကိုခေတ္တပြန်သွားခဲ့ပါတယ်။

ဒါပေမယ့်နှစ်သစ်ကူး

အားလပ်ရက်ပြီးဆုံးသွားပြီးနောက်အောင်သူတစ်ယောက်

ထိုင်းနိုင်ငံကိုပြန်ရောက်နေပါပြီ။

Police Tero အသင်းရဲ့မနေ့ကလေ့ကျင့်ခန်းအစီအစဉ်တွေမှာအောင်သူပြန်လည်ပါဝင်လာခဲ့တာကိုတွေ့ရပါတယ်။

နှစ်သစ်ကူးအားလပ်ရက်တွေမှာအပြည့်အဝအနားယူခဲ့တာကြောင့်လေ့ကျင့်ရေးကွင်းမှာ

အောင်သူတစ်ယောက်လန်းဆန်း

တက်ကြွနေတာတွေ့ရပါတယ်။သိပ်မကြာခင်မှာထိုင်းပရီးမီးယားလိဂ်ပြန်စတော့မှာဖြစ်တဲ့

အတွက်တယ်ရိုအသင်းသားတွေအနေနဲ့လည်းဖိဖိစီးစီးလေ့ကျင့်နေကြပါပြီ။ဒါ့အပြင်တယ်ရိုအသင်း

ဟာရာသီမစတင်ခင်ဖိတ်ခေါ်ဖလားပွဲတစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။

အောင်သူဟာမနှစ်ကမြန်မာ့အကောင်းဆုံးဘောလုံးသမားဆုကိုသီဟစည်သူ

ကိုကျော်ဖြတ်ပြီးရယူခဲ့သူပါ။ဒါ့အပြင်မကြာသေးခင်ကမှနာမည်ကြီးအားကစားဂျာနယ်

Elevenကပေးအပ်ချီးမြင့်တဲ့အကောင်းဆုံးကစားသမားဆု

ကိုရရှိခဲ့ပါသေးတယ်။အောင်သူအနေနဲ့Elevenကပေးတဲ့

အကောင်းဆုံးကစားသမားဆုကိုရတာလေးနှစ်ဆက်ရှိပါပြီ။

ဒီနှစ်မှာရောတယ်ရိုအသင်းမှာအကောင်းဆုံးခြေစွမ်းကို

အောင်သူထုတ်ပြသွားနိုင်မလားဆိုတာဆက်လက်စောင့်

ကြည့်ကြရအောင်ပါ...

Source-Police Tero

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။