ပရိသတ်တွေက ခေးလေးတို့ချစ်စနိုးခေါ်တက်တဲ့ အနုပညာရှင်လေးတစ်ဦးကတော့ ခင်ဝင့်ဝါဆိုတဲ့သူမလေးပါပဲ။ ကလေးဆန်ပြီး အပြစ်ကင်းတဲ့မျက်နှာလေးကြောင့် သူမကို သဘောမကျတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဒီလိုတွေချစ်ဖို့ကောင်းနေတဲ့ခေးလေး တစ်ယောက်တော့ ပန်းရောင်မြန်မာဝတ်စုံလေးနဲ့ အတူ မြင်တွေ့ရပါတယ်။

“ ဝလာတယ်လို့မပြောကြေး” ပါတဲ့ ဒီခန္ဓာကိုယ်အချိုးအစားလေးက ဝတယ်လို့ဆိုစရာရှိပါ့ မလားနော် ပရိသတ်ကြီး။ Miss Supranational Myanmar တစ်ယောက်ဖြစ်ကာ မြန်မာနိုင်ငံအတွက် ဆုပေါင်းများစွာကို ရယူပေးနိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

သူမကိုသရုပ်ဆောင်အပိုင်းတွင်လည်း မြင်တွေ့ရပါသေးတယ်။ တီဗွီကြော်ငြာ အစီအစဉ် များစွာနဲ့ ရုပ်ရှင်ကားကြီးတွေက သူမရဲ့သရုပ်ဆောင်အပိုင်းထူးချွန်မှုကို ဖော်ပြပေး နေတာပါ။

ပရိသတ်များစိတ်ဝင်စားနေတဲ့ သူမရဲ့အချစ်ရေးကတော့ လက်ရှိမှာတော့ မစဉ်းစားဖြစ်သေး ဘူးလို့ ဆိုပါတယ်။ သူမလေးရဲ့အချစ်ကိုရရှိတဲ့သူကလည်း အရမ်းကို ကံကောင်းတဲ့သူဖြစ်မှာပဲနော် ။

ခန္ဓာကိုယ်အလှပြတဲ့သူတွေထဲမှာတော့ ခင်ဝင့်ဝါဆိုတဲ့ သူမလေးမပါဝင်ပါဘူး။ အမြဲတမ်းကိုလုံခြုံပြီး စမတ်ကျကာ ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်တွေနဲ့သာ မြင်တွေ့ရသူ တစ်ယောက်ပါ။ ဒါကတော့ Myanmar Load ပရိသတ်အသည်းစွဲခေးလေးရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။

Source – Khin Wint Wah FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။