မင်္ဂလာဦးဆွမ်းကျွေးပွဲမှာ ရိုးရိုးယဉ်ယဉ်လေးလှနေတဲ့ ယွန်းဝတီ

နိုင်ငံကျော်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မိတ်ကပ်မေဦးကတော့ ၀ါရင့်မိတ်ကပ်ပညာရှင်တစ်ယောက်ပီပီ သတို့သမီးလေးယွန်းဝတီကို လက်စွမ်းပြထားပါတယ်။

မင်္ဂလာပွဲနေ့အစဆုံး ယွန်းဝတီကို မိတ်ကပ်ပြင်ဆင်ပေးခဲ့တဲ့ မေဦးဟာ ယနေ့မှာလည်း သရုပ်ဆောင်ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာဦးဆွမ်းကျွေးလေးအတွက် ပြင်ဆင်ပေးဖြစ်တယ်လို့ သိရပါတယ်။

မေဦးဟာ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ ယွန်းဝတီကို မိတ်ကပ်လိမ်းပေးထားတဲ့ ပုံလေးတွေကို မျှဝေထားတာတွေ့ရပါတယ်။

ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီဦးလွင်မိုး နဲ့ ဒေါ် မေသူတို့ရဲ့ သမီးကြီးဖြစ်သူ ယွန်းဝတီလွင်မိုး တစ်ယောက် ပြီးခဲ့တဲ့ ဇန်နဝါရီလ(၄)ရက်မှာ မင်္ဂလာပွဲကျင်းပခဲ့ပြီး ဇန်နဝါရီလ(၈)ရက်နေ့မှာတော့ မင်္ဂလာဦးဆွမ်းကျွေးလုပ်မှာဖြစ်ပါတယ်။

သရုပ်ဆောင် ယွန်းဝတီလွင်မိုး ဟာ အနုပညာလောကမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ ဆယ်ကျော်သက် အနုပညာရှင်တစ်ဦးဖြစ်ပြီး လူမှုကွန်ရက်မှာလည်း သူ့ကိုချစ်ခင်အားပေးပြီး စိတ်ဝင်တစား စောင့်ကြည့်နေသူတွေရှိနေပါတယ်။ 

သူ့ရဲ့ မင်္ဂလာသတင်းကတော့ အနုပညာရှင်အသိုင်းဝိုင်းသာမက ပရိသတ်တွေကြားမှာပါ မယုံနိုင်လောက်အောင် ဂယက်ထသွားခဲ့ပါတယ်။ ယောကျာ်းလေးပရိသတ်အများစုရဲ့ သဲသဲလှုပ်ဝန်းရံခံရသူလေး ယွန်းဟာ နဂိုလှပြီးသားသူလေးမို့ မိတ်ကပ်အထူကြီးလိမ်းနေစရာမလိုလောက်အောင် ချစ်စရာကောင်းနေပါတယ်။

မိတ်ကပ်မေဦးကတော့ တကယ့်ပရိုသမားပီပီ လူတစ်ယောက်ကို ဘယ်လိုပုံစံလေးနဲ့လိုက်အောင်ပြင်ပေးရမလဲဆိုတာ တကယ်ကိုပိုင်နိုင်သူပါပဲ။ သတို့သမီးလောင်းလေးကလည်း ချစ်စရာကောင်းလိုက်တာနော်။  

Source :May OO fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။