ပရိသတ်အချစ်တော်ပရဟိတမင်းသား ဝေဠုကျော်တို့အဖွဲ့ဟာ မနေ့ ဇန်နဝါရီ (၇) ရက်နေ့မှာ ငယ်မိုးရိပ်ချောင်းအတွင်းသို့ ထိုးကျခဲ့တဲ့ကားကို ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြပါတယ်။ဝေဠုကျော်တို့ ကြက်ခြေနီအဖွဲ့သားများကလည်း အမြန်ဆုံးလာရောက်ကူညီကယ်ခဲ့မှုများပြုလုပ်ခဲ့ကြပါတယ်။

မနေ့ကမနက်ပိုင်း (၄) နာရီလောက်က ဆရာစံလမ်းအတိုင်းမောင်းနှင်လာတဲ့ Honda fit အမျိုးအစား ခဲရောင် ကားတစ်စီးဟာ ငါးမာန်အောင်ဘုရားလမ်းဆုံအရောက်မှာ အရှိန်လွန်ပြီး ငမိုးရိပ်ချောင်းထဲကို ထိုးကျသွား တာလို့ မြောက်ဒဂုံမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးကပြောပါတယ်။

ဒီကားကို လိုက်ပါစီးနင်းသူတစ်ဦးနှင့် ယဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦးတို့ပါရှိပြီး တစ်ဦးကိုသာကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။

ပရိသတ်အချစ်တော် ဝေဠုကျော်ကိုယ်တိုင်လည်း ကြိုးကြိုးစားစားနဲ့ ကူညီကယ်ဆယ်ခဲ့တာလည်းပုံပါအတိုင်း မြင်တွေ့ရပါတယ်။ 

source - wai lu kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။