မိ်တ်ဆွေတို့အနေနဲ့ ထမင်းစားပြီးပြီးချင် မလုပ်သင့်တာ မလုပ်စေဖို့ သတိထားစရာလေးတွေကို တင်ပြပေးမှာဖြစ်ပါ တယ်နော်။ ဒီစာလေးကိုဖတ်ထားလိုရှိရင်လည်း ထမင်းစားပြီးရင်ဘာတွေ မလုပ်သင့်လဲ ဘာတွေကို လုပ်ရမလဲ သား စဉ်မြေးဆက်ဆင့်ပွားလာတဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုကို ပြောပြပေးမယ်နော်။ ရှေ့ထုံးကိုလည်းမပယ်နဲ့ စျေးသုံးကိုလည်း မကြွေနဲ့တဲ့ ။ ဒါကြောင့်ရှေ့လူကြီးတွေ ပြောစကားတွေကိုမှတ်သားစရာ တစ်ခုအနေနဲ့ တင်ပြပေးမှာပါနော်။ ထမင်းမစားမှီ (၁)နာရီအလို စားပြီး(၁)နာ်ရီအကြာမှ အသီးအနှံတွေကို စားဖို့တိုက်တွန်းချင်ပါတယ်။ အသီးတွေ စားလိုက်မိပါက အစာအိမ်ထဲမှာအသီးတွေဟာ အူဆိကိုမရောက်ရှိဘဲ ထိန်းချုပ်ခံထားရပါတယ်။အစားအိမ်ထဲမှာ ကျန်ရှိနေတဲ့ အစာများကိုလည်း အစာမကြေအောင်ဖျက်ဆီပစ်လိုက်ပါတယ်။ ပြီးတော့ အသားတွေနဲ့သီးနှံတွေ ရောမစားမိပါစေနဲ့နော်။ အစာမကြေဖြစ်တတ်လိုပါနော်။ဒါပေမဲ့ အသီးအနှံတွေကို ပဲဖြစ်ဖြစ် ဖျော်ရည်ပဲဖြစ်ဖြစ် မနက် အိပ်ရာကထပြီးပြီးချင်းမှာ ဘာမှမစားခင်သောက်လိုက်ပါက တနေ့တာလုံးလိုအပ်တဲ့ အာဟာရဓာတ်တွေကို အပြည့် အဝရရှိနိုင်ပါတယ်။ ကင်ဆာရောဂါအဖြစ်နိုင်ဆုံးအချိန်က ထမင်းစားပြီး ဆေးလိပ်သောက်ခြင်းပဲဖြစ်ပါတယ်။ ထမင်းစားပြီးဆေးလိပ် (၁)လိပ်သောက်ခြင်းကသာမန်အချိန် (၁၀)လိပ်သောက်ခြင်းထက်ပို ဖြစ်နိုင်ခြေများပါတယ် နော်။

ထမင်းစားပြီးပြီးချင်း ခါးပတ်ကြိုးလျောခြင်း၊ ပုဆိုးဖြေလျောခြင်း၊ ထဘိီဖြေလျောခြင်းတို့၊ ပြုလုပ်ကြတယ်မဟုတ်လား ။တစ်ကယ်ဆိုရင် အဲလိုမလုပ်ရပါဘူးနော်။ ထမင်းစားပြီးနှင့် စားနေစဉ်အတွင်း ပြုလုပ်မိပါကလိုအပ်သည်ထက် ပိုစား မိတတ်ပြီး ရင်ပြည့်ရင်ကယ် မအိမသာဖြစ်ခြင်းကိုခံစားရနိုင်ပါတယ်။ အစားစားပြီးမလုပ်သင့်တဲ့အချက်တွေထဲမှာ လက်ဖက် ရည်လုံးဝမသောက်သင့်ပါဘူး။ အက်ဆစ်ဓာတ်တွေ ပါဝင်နေတဲ့အတွက် စားလိုက်တဲ့အစာများကိုချေ ဖျက်ဖို့ခက်ခဲသွားစေနိုင်ပါတယ်။ ဒါကြောင့်အစားစားပြီးလို့ တစ်နာရီခြားမှ သောက်နိုင်ပါတယ်နော်။ စာရေးသူကိုယ် တိုင်ငယ်ငယ်တုန်းကတော့ ထမင်းစားပြီးလမး်လျှောက်ခဲ့ဖူးပါတယ်။ အစားစားပြီးချင်းမဟုတ်ဘဲ စားပြီးတစ်နာရီမှ လမ်းထလျောက်ရင်တော့ ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။

အစာစားပြီးချင်းလမ်းလျှောက် ခြင်းကအစာ မကျေခြင်း၊ ဗိုက်ထဲမှ အက်ဆစ်တွေပြောင်းပြန်စီးခြင်းတို့ဖြစ်ပေါ်စေတာကြောင့် အထူးရှောင်ကြည် သင့်ပါတယ်။

အစားစားပြီးချင်းမှာ အိပ်လိုက်ခြင်းကလည်း အစာကြေခြင်းကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ပြီးတော့ အူနှင့် ဝမ်းဗိုက်ဆိုင်ရာရောဂါတွေလည်းဖြစ်စေနိုင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ထမင်းစားပြီးချင်း ရေချိုးခြင်းကို လုံးဝမလုပ်သင့်ပါဘူူး။ ရေချိုးလိုက်ပါက လက်၊ခြေထောက်၊ တစ်ကိုယ်လုံးရှိသွေးများစီးဆင်းမှုမြန်စေကာ အစာအိမ် တစ်ဝိုက်သွေးပမာဏကို ကျဆင်စေသွားကြောင့်ဖြစ်ပါတယ်။ အစာချေဖို့အားနည်းစေပါလိမ့်မယ်။ အထက်မှာ ဖော်ပြ ပေးခဲ့တာတွေကတော့ ထမင်းစားပြီးပြီးချင်း မလုပ်သင့်တာမလုပ်စေဖို့စေတနာရှေ့ထား ရေးသားလို်က်ရပါတယ်နော်။ အားလုံးပဲကျန်းမာပျော်ရွင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေ။

Source : သိမ့်ဟေမာန်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။