KIA/TNLA လက်နက်ကိုင်အဖွဲ့များ တံတားအား မိုင်းခွဲဖျက်ဆီးပြီး တပ်မတော်ရိက္ခာပို့ ယာဉ်တန်းအား ပစ်ခတ်တိုက်ခိုက်

KIA / TNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်(၃)နာရီခွဲခန့်တွင် မူဆယ်မြို့ ဆွမ်လုံကျေးရွာအနီးရှိ တံတားအား ဖောက်ခွဲဖျက်ဆီး၍ တပ်မတော် ယာဉ်တန်းအား လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေတည်ငြိမ်အေးချမ်းမှုရရှိရန် လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များအတွက် ရိက္ခာပို့ဆောင်မည့် တပ်မတော် ယာဉ်တန်းသည် ကွတ်ခိုင်မြို့မှ ထွက်ခွာလာစဉ် ယနေ့ နံနက် ၃ နာရီခွဲခန့်က မူဆယ်မြို့နယ်၊ ဆွမ်လုံကျေးရွာအနီး၌ KIA/TNLA လက်နက်ကိုင်ပူးပေါင်း အဖွဲ့အင်အား ၃၀ ခန့်က ဆွမ်လုံတံတားအား မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးပြီး တပ်မတော် ယာဉ်တန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပြန်လည်တိုက်ခိုက်မှုကြောင့် နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါ လက်နက် ကိုင်အဖွဲ့များ ဆုတ်ခွာထွက်ပြေး သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် အာပီဂျီ သေနတ် ၁ လက်၊ ၎င်းဗုံးသီး ၁ လုံး၊ အမ် ၂၂ ကျည်အိမ် ၁ ခုနှင့် အမ် ၂၂ ကျည် ၃၀ တောင့် သိမ်းဆည်းရမိခဲ့ပြီး တပ်မတော် စစ်ကြောင်းမှ စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းထောင် ဖောက်ခွဲမှုကြောင့် ဆွမ်လုံ တံတား၏ ကြမ်းခင်းနှင့် တံတားလက်ရန်းတို့တွင် ၁၀ ပေခန့်စီ ပျက်စီးခဲ့ကြောင်းသိရ သည်။

အဆိုပါတံတားအား တပ်မတော်စစ်ကြောင်းမှ ယာယီပြင်ဆင်ထားရှိရာ ယနေ့ နံနက် ၁၀ နာရီ မှစ၍ ယာဉ်တစ်စီး ချင်းဖြတ်သန်းသွားလာနို်င်ကြောင်းနှင့် ဆုတ်ခွာ ထွက်ပြေးသွားသော ၎င်းလက်နက်ကိုင် အဖွဲ့များ အား တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။