၁။ အိန္ဒိယနိုင်ငံမှာ Cochin Carnivalဆိုတဲ့ ပွဲတော် တစ်ခုရှိပြီး ထိုပွဲတော်မှာတော့ လူတွေဟာ သူတို့ရဲ့မျက်နှာနဲ့ ခန္ဒာကိုယ်အနှံ့ကိုဆေးရောင်စုံခြယ်သကြပါတယ်။ ဒီဓာတ်ပုံထဲမှာတော့ Cochin Carnival အတွက်ပြင်ဆင်နေတဲ့ အိန္ဒိယတောင်ပိုင်းသား တစ်ဦးရဲ့ပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ 

၂။ မြောက်ကိုရီးယားမှာနှစ်စဉ်ကျင်းပတဲ့ နှစ်သစ်ကူးပွဲတော် တစ်ခုရဲ့ ပုံရိပ်ပဲဖြစ်ပါတယ်။ ဒီပွဲတော်ကို မြောက်ကိုရီးယားနိုငံရဲ့ Taedongမြစ်ဘေးမှာ ပြုလုပ်တာဖြစ်ပြီး လာရောက်လည်ပတ်သူတွေနဲ့ အမှတ်တရဓာတ်ပုံရိုက်သူတွေ များပြားလျက်ရျိတယ်လို့ သိရပါတယ်။

၃။ဒိုင်ဗင်သမား မာကိုရဲ့ ကာဗွာတံတားပေါ်ကနေ တင်းဗားမြစ်ထဲ ဒိုင်ဗင်အလှထိုးပြတာကို ရိုက်ကူးထးတဲ့ပုံပဲဖြစ်ပါတယ်။ ဒီလိုဒိုင်ဗင်ထိုးတဲ့မြင်ကွင်းကို အမိအ၇ရိုက်ကူးနိုင်တဲ့ ဓာတ်ပုံဆရာရဲ့ စွမ်းရည်က တော့ အံ့မခန်းချီးကျူးစရာကောင်းလှပါတယ်။ 

၄။ ယောဂဆိုတာ အိန္ဒိယနိုင်ငံက စတင်ပေါ်ပေါက်လာာခဲ့တာဖြစ်ပြီး ကမ္ဘာအနှံ့မှာ ထင်ရျားကျော်ကြားတဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာ မြင်တွေ့ရတာကတော့ အိန္ဒိယနိုင်ငံ အမီတာဘတ်မြို့က ကျောင်းသားလေးတွေရဲ့ ယောဂလေ့ကျင့်နေကြတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။

၅။ ကမ္ဘာကျော်နိုင်ဂါရာရေတံခွန်ကြီးကိုတော့ မသိတဲ့သူ မရှစလောက်ပါပဲ ပရိသတ်ကြီးရေ..ရေတံခွန်ကြီးရဲ့ အလှအပတွေ ရေစီးအလွန်သန်တဲ့ အတွက်ကြောင့် နာမည်ကြီးနေတဲ့ နိုင်ဂါရာရေတံခွန်ကြီးဟာ ယခုအခါမှာတော့ အလွန်ဆိုးရွားတဲ့ ရာသီဥတုကြောင့် ရေခဲသွားခဲ့ရပါတယ်။ ရေတံခွန်ကြီးရဲ့ အောက်ခြေကနေ ရေစတင်ခဲတာဖြစ်ပြီး လုံးဝရေမခဲသေးတဲ့အပိုင်းတွေလည်း ရှိတယ်လို့သိရပါတယ်။  

Source: BBC 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။