သရုပ်ဆောင် ယွန်းဝတီလွင်မိုးနဲ့ မောင်ထက်ဦးလှိုင်တို့ဟာ ဒီနှစ်မနက်မှာပဲ မင်္ဂလာဦးဆွမ်းကျွေးအလှူပြုလုပ်ခဲ့ကြပါတယ်။ဒီပွဲကိုတော့ ရဟန်းသံဃာ (၅) ပါးနဲ့အတူ ကမ္ဘာအေးက ကျောင်းတိုက်တစ်ခုမှာပဲ ပြုလုပ်ခဲ့ကြပါတယ်။

ကျက်သရေရှိတဲ့ တနင်္လာနေ့နံနက်ခင်းမှာပဲ မင်္ဂလာဦးဆွမ်းကျွေးကို နှစ်ဖက်မိဘဆွေမျိုးများနှင့်အတူ အသိမိတ်ဆွေလည်း တတ်ရောက်လာကြပါတယ်။သူတို့နှစ်ဦးဟာ ဇန်နဝါရီလ (၄)ရက်နေ့မှာပဲ မင်္ဂလာလက်မှတ်ရေးပွဲပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ လက်ထက်ပွဲကိုတော့တော့ Melia ဟိုတယ်မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်ဖက်ဆွေမျိုးများနဲ့ အနုပညာလောကမှအသိမိတ်ဆွေ များစွာလည်းတတ်ရောက်ခဲ့ကြပါတယ်။

ထိုနေ့ညမှာပဲ မင်္ဂလာညစာစားပွဲကို melia ဟော်မှာပဲကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။သူမရဲ့ပရိသတ်တွေကလည်း ဆုမွန်ကောင်းတွေ တောင်းပေခဲ့ကြပါတယ်။ဒီနေ့ရဲ့ ကျက်သရေရှိလှတဲ့ မင်္ဂလာဦးဆွမ်းကျွေးပုံရိပ်တွေကို မျှဝေလိုက်ပါတယ်။ 

Source - myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။