ဦးဝင်းထိန်၏သား မင်္ဂလာဆောင်သို့ နိုင်ငံတော် သမ္မတဦးထင်ကျော်၊ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ချီးမြှင့်ခဲ့ကြကြောင်းသိရပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်၏ သားကြီးမင်္ဂလာပွဲ သို့ နိုင်ငံတော်သမ္မတ နှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြောင်း သိရပါတယ်။ 

နေပြည်တော်ရှိ M GALL-ERY တွင် ယမန်နေ့ညနေက ကျင်း ပသည့် မင်္ဂလာပွဲသို့ နိုင်ငံတော်သမ္မတဦးထင်ကျော်အပါအဝင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတနှစ်ဦး၊ ပြည်ထောင်စုအ ဆင့်အဖွဲ့အစည်းဝင်များ၊ ပြည် ထောင်စုဝန်ကြီးများနှင့် ဝန်ကြီး ချုပ်များပါ တက်ရောက်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်၏သားကြီးမောင်ဆန်း ဝင်းထိန်နှင့် အယ်လ်ဂျားဇီးယား သတင်းဌာနမှ ထုတ်လုပ်သူ မနှင်း ရတနာဇော်တို့ မင်္ဂလာပွဲသည် လူမှုကွန်ရက်စာမျက်နှာတွင် လူ စိတ်ဝင်စားမှုများပြားခဲ့သည်။

‘‘မင်္ဂလာရှိတဲ့ အလုပ်တွေ အများကြီးပူးတွဲပြီး လုပ်နိုင်ပါစေ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က မင်္ဂလာဆုမွန်ကောင်းချီးမြှင့်ခဲ့ သည်။ ဦးဝင်းထိန်၏သမီး မင်္ဂလာ ဆောင်စဉ်က အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ခဲ့သော်လည်း ယခုမင်္ဂလာ ဆောင်ကဲ့သို့ နိုင်ငံ့ခေါင်းဆောင် များ စုံလင်ခြင်းမရှိခဲ့ပေ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏သားမင်္ဂလာဆောင်၌ လည်း ဖိတ်စာတွင် ‘လက်ဖွဲ့ခြင်းသည်းခံပါ’ဟူသော စာသားကြောင့် လူစိတ်ဝင်စားမှုများခဲ့သည်။

Source - 7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။